မြန်မာတွေ အလုပ်ရပြီ အလုပ်ပေါင်း (၁) သိန်းကျော်ဖန်တီးမယ့် ကိုရီးယားမြန်မာ စက်မှုမြို့တော်ကြီး လာပြီ

မြန်မာတွေ အလုပ်ရပြီ အလုပ်ပေါင်း (၁) သိန်းကျော်ဖန်တီးမယ့် ကိုရီးယားမြန်မာ စက်မှုမြို့တော်ကြီး လာပြီ

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော် (KMIC) အဆင့် (၁) ကို ၂၀၂၀ ခုနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်တော့မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

ဒီဇင်ဘာလ (၈) ရက်နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ကျင်းပတဲ့ (GlCC 2020) အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောခဲ့တာပါ။

အဲဒီ ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်ကို မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) နဲ့ Korea Land And Housing Corporation တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁) သိန်းကျော် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း (၁၁၀) ရှိတဲ့ ဒီစီမံကိန်းကို အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပထမအဆင့်ကို မြေဧက (၃၁၅) ဧကပေါ်မှာ အကောင်ထည်ဖော်မှာဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုအပေါ်အခြေခံပြီး ဒုတိယအဆင့်ကို မြေဧက (၂၄၀) ပေါ်မှာ အကောင်ထည်ဖော်မယ်လို့ သိရပါတယ်။

စီမံကိန်းရဲ့ ပထမအပိုင်းမှာတော့ အထည်ချုပ်လုပ်ငန်း၊ အစားသောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့ ကုန်စည်သိုလှောင်သယ်ယူပို့ဆောင်ရေးတွေ ပါဝင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပထမအဆင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ချေးငွေနဲ့ တည်ဆောက်ဖို့ရှိတဲ့ အပြင်ဘက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကတော့ ၂၀၂၃ ခုနှစ်မှာ ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စက်မှုဇုန်စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၉ ခုနှစ်မှာ ခွင့်ပြုထားတာဖြစ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ (၅၅၈) ဧကပေါ်မှာ အကောင်ထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page