လူနာတွေ အကုန်လုံးကို Q ဖို့က အရေးကြီးသလား? ကာကွယ်ဆေးက အရေးကြီးသလား?
လူနာတွေ အကုန်လုံးကို Q ဖို့က အရေးကြီးသလား? ကာကွယ်ဆေးက အရေးကြီးသလား?
ကာကွယ်ဆေးက တစ်လုံး ၅ ဒေါ်လာ အောက်တဲ့၊ ၅ ဒေါ်လာ ပဲထားပါ။
လူ ၅၃ သန်းအတွက် တစ်ယောက် ၂ လုံးစာ အမေရိကန်ဒေါ်လာ သန်း ၅၃၀ လိုမယ်။ အဲ့ဒါကို အခုပိုက်ဆံမရှိတော့ ၂၀ % ပဲဝယ်ထားတယ် ၂၀ % က အလှူရမှာတဲ့။ ဒီတော့ ၁၀၆ သန်းဖိုး ဝယ်ထားတယ်ပေါ့။
ကိုဗစ်အတွက် နိုင်ငံတကာချေးငွေ ယူထားတာ စုစုပေါင်းသန်း ၈၀၀ လောက်ရှိတယ် ကြားတယ်။ လူတစ်ဦး ၆ သိန်းနှုန်းနဲ့ Q center ထည့်တာ စုစုပေါင်းဘယ်လောက်ကုန်သွားပြီလဲ။ အဲ့ကုန်ကျစရိတ်ဟာ အပြင်မှာ တကယ်ကြီး ကူးစက်မှုကို ထိန်းနိုင်ရဲ့လား။
ကုန်ကျစရိတ်တွေက Price Performance ratio အရ တန်ရဲ့လား။ အဲ့မှာ အများကြီးကုန်ကျနေပြီး ကာကွယ်ဆေးကျမှ ပိုက်ဆံမလောက်တော့လို့ မဝယ်နိုင်လိုက်ဘူးဆိုတာမျိုးဖြစ်ရင်တော့ အတော်ကို အဆင်မပြေဘူးရယ်။
ဘာလို့လဲဆိုတော့ ကာကွယ်ဆေးမြန်မြန်ထိုးပြီး အလုပ်ပြန်လုပ်နိုင်မှ အဲ့အကြွေးတွေ ဆပ်ဖို့ ပိုက်ဆံပြန်ရှာနိုင်မှာလေ။
ဒေါက်တာကျော်ကျော်စိုင်း