ယာဥ်မောင်း ယာဥ်နောက်လိုက်များကို ကိုဗစ်စစ်တာနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်တွေ
ယာဥ်မောင်း ယာဥ်နောက်လိုက်များကို ကိုဗစ်စစ်တာနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်များ (မသိသေးသော သူများအတွက်ပါ)
ကျမတို့ ကားဂိတ်တွေမှာ ယာဉ်မောင်းယာဉ်နောက်လိုက်တွေကို စစ်ဆေးတယ် ဆိုတာ ကုန်စည်စီးဆင်းမှုတွေ မရပ်တန့်သွားအောင် ၊ပြည်သူတွေစားနပ်ရိက္ခာ တွေ ပြည့်စုံအောင် ၊ရောဂါကူးစက်မှုတွေလည်းနည်းပါးအောင် တတ်နိုင်တဲ့ ဘက်က ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
ကုန်တင်ယာဉ်များကိုသာ စစ်ဆေးပေးပြီးညွှန်ကြားချက်မရှိတဲ့ အိမ်စီးကားတွေ ကို လုံးဝ စစ်ဆေးပေးခြင်း မရှိပါ။ ထပ်ပြောပါမယ် (အိမ်စီးကားတွေကို လုံးဝမစစ်ဆေးပေးပါ) ကုန်တင်ယာဉ်များကို အထက်ကညွှန်ကြားချက်အတိုင်း ၆/၁၀/၂၀၂၀ မှစ၍ ၂၀၀၀၀ ကျပ်ကောက်ယူ စစ်ဆေးပြီး ၁၂/၁၀/၂၀၂၀ မှစ၍ ၁၀၀၀၀ ကျပ်ကောက်ယူစစ်ဆေးရပါသည်။ ရရှိငွေများကို အစိုးရဘဏ်သို့ နေ့ချင်းအပ်ရပြီးစာရင်းဇယားကို တိုင်းဒေသကြီးသို့ တင်ပြရပါသည်။
ကုန်တင်ကား မဟုတ်သော အိမ်စီးကားများ ပိုက်ဆံတသောင်းပေးနိုင်၍ လာရောက်စစ်ဆေးလိုသူများအား လုံးဝ(လုံးဝ)စစ်ဆေးပေးမည်မဟုတ်ပါ ။ မိမိကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခရီးသွားလာလိုသူများသည် မသမာသော နည်းလမ်းဖြင့်လာရောက်စစ်ဆေးခံနေကြသော သူများကိုပြောလိုပါသည်..
တနေ့ တနေ့ (၁၀၀)ကျော် (၂၀၀) နီးပါးကို အသက်အန္တရာယ်အဖြစ်ခံ အပင်ပန်းခံ စစ်ဆေးပေးနေသော ကျန်းမာရေးဝန်ထမ်းများကိုအားနာကြပါလို့ မေတ္တာရပ်ခံပါတယ်
တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန