ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်ကို နားမလည်ဘူးဆိုတဲ့သူများ ဖတ်ကြည့်ပါ
၂၁.၉.၂၀ မနက် ၈နာရီမှာ စမယ့် Stay at home စာနဲ့ပတ်သက်ပြီး နားမလည်ဘူးဆိုသူများအတွက်ပါ။
ဒုတိယလှိုင်းကာလ – ရန်ကုန် အိမ်မှာနေရေးအစီအစဉ် (Stay at Home) ကို စက်တင်ဘာ(၁)ရက်မှာစကြေညာတယ်။ (၇)မြို့နယ်အကျုံး ၀င်တယ်။ စက်တင်ဘာ (၉)မှာ ထပ်ကြေညာတယ်။ မြို့နယ် ၂၁ မြို့နယ်အကျုံး၀င်တယ်။ အခုထပ်ကြေညာတယ်။ ကိုကိုး ကျွန်းကလွဲပြီး ကျန်မြို့နယ်အားလုံးအကျုံး၀င်တယ်။
စက်တင်ဘာ (၁)နဲ့(၉)ရက်မှာ ကြေညာချက်က စည်းကမ်း (၆)ချက်ပါတယ်။ (၁) စျေး၀ယ်ရင် တဦးသွား၀ယ်၊ (၂) ဆေးရုံဆေးခန်းသွားရင် နှစ်ဦးသွား၊ (၃) နေအိမ်အပြင်ထွက်ရင် mask တပ်၊ (၄) တာ၀န်ထမ်းဆောင်ရန် သွားမယ့်ယာဉ်နဲ့ ခွင့်ပြုထားတဲ့ ယာဉ်ကလွဲရင် ရပ်ကွက်ကျော်ခွင့်မပြု (၅) ရပ်ကွက်ထဲစျေး၀ယ်တာ ကားနဲ့သွားရင်ယာဉ်မောင်းအပါ ယာဉ်ပေါ်(၂)ဦး၊ ဆေးရုံသွားရင် ယာဉ်ပေါ်(၃)ဦးခွင့်ပြု၊ (၆) အစိုးရဌာန/ကုမ္ပဏီ/အလုပ်တွေမှာ လုပ်သူတွေကလွဲပြီး ကျန်သူတွေ အိမ်မှာနေ။ ဒီ နံပါတ်(၆)အချက်ကြောင့်ပုံမှန်အိမ်မှာနေသူကလွဲပြီး ကျန် သူအတော်များများက အပြင်ထွက်လို့ရတဲ့ သဘောဖြစ်နေခဲ့ တယ်။ ဘာလို့လဲဆိုတော့ အလုပ်က သွားကြရတာကိုး။
အခုကြေညာတဲ့ Stay at Home အစီအစဉ်မှာကျတော့ (၁) အထက်က ဖော်ပြတဲ့ အချက်(၆)ချက်မှာ ၁ ကနေ ၅အ ထိက ပြန်ပါတယ်။ (၂) နံပါတ်(၆)အချက်ကိုတော့ ပိုပြီးတင်းကြပ်လိုက်တယ်။ – အစိုးရဌာနတွေ ၂ ပတ်ရုံးတက် ၂ပတ် အိမ်မှာနေပုံစံ နဲ့လုပ်ရမယ်။ – မရှိမဖြစ်လိုအပ်တဲ့အလုပ်တွေကတော့အလုပ်သွားလို့ ရတယ်။ (မရှိမဖြစ်လိုအပ်တဲ့ အလုပ်တွေက ဘဏ်နဲ့ ငွေကြေး၀န်ဆောင်မှု၊ စက်သုံးဆီ အရောင်းဆိုင်၊ စား သောက်ကုန်၊ သားငါး၊ အအေးခန်း၊ ဆေးဝါး၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလုပ်ငန်း၊ နေ့စဉ်သုံးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းတွေဖြစ်တယ်)။ ဒါတွေ သွား လို့ရတယ်။
ကျန်အလုပ်တွေ အိမ်ကလုပ်ရမယ်။ ကုန်ကြမ်းယူ၊ ကုန်ချောပေးလုပ်နေတဲ့ လက်ခစားလုပ်ငန်းစက်ရုံ၊ အလုပ်ရုံများတွင် ဆောင်ရွက်နေသူတွေ (CMP) ၂၄ ကနေ နောက်လ ၇ အထိ ပိတ်မယ်။ (CMP ဆိုတော့ အထည်ချုပ်တွေပိတ်မယ်ပေါ့)
လော့ဒေါင်းလို့တော့ နာမည်မတပ်ဘူး။ ဒါပေမဲ့ ပြောရရင် လော့ဒေါင်း သဘောပါပဲ။ မနက်ဖန်၊ မနက်(၈)နာရီကစ သက်ရောက်ပါမယ်။ ဘယ်အထိသက်ရောက်မလဲမပါပါ။ ဒါ ပေမဲ့ CMP တွေက ၇ရက်နေ့အထိ ပိတ်ကြရမယ်ဆိုတော့ ဒီအမိန့်လဲ အနဲဆုံး (၇)ရက်နေ့အထိ (၂ပတ်) သက်ရောက် မှာပေါ့။ တခုပဲ။ ဒီအမိန့်အရဆို ရန်ကုန်မှာ ရွေးကောက်ပွဲမဲဆွယ်မှုက နိတ္ထိတံသွားပြီလို့ပြောရမယ်။ ဘယ်လိုတွေဆက်ပြီးစခန်း သွားကြမလဲ။ ကိုမြင့်နိုင်ကြီးဖြေပေးရင်ကောင်းမှာပဲ။
Ko Ye