ရပ်ကွက်ထဲ ပိုးတွေ့တာနဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ကင်းစောင့်နေရတဲ့ အဖြစ်

ရပ်ကွက်ထဲ ပိုးတွေ့တာနဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ကင်းစောင့်နေရတဲ့ အဖြစ် (အုပ်ကြီးရဲ့ မဆလခေတ် အလွမ်းပြေလား)

ကျွန်တော်တို့ ရပ်ကွက်ထဲမှာလဲ Positive လူနာ တစ်ယောက် တွေ့လို့ဆိုပြီး တစ်အိမ်တစ်ယောက် လမ်းထိပ် ၂ ခုမှာ ကင်းစောင့် ရမယ်တဲ့။ ရာအိမ်မှူးက အမိန့်ထုတ်ထားပါတယ်။ ၆ ရက်နေ့ ညထဲက စပြီး အလှည့်ကျ စောင့်ကြရ တယ်။ နေ့ duty က မနက် ၆ နာရီကနေ ည ၆ နာရီထိ စောင့်ခိုင်းပြီးတော့ ည duty ကိုကျတော့ ည ၆ နာရီ ကနေ ည ၁၂ နာရီထိ စောင့်ခိုင်းပါ တယ်။

စောင့်ရတဲ့ Duty ထဲမှာ တော့ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးအိမ်တွေကျ မပါဘူးတဲ့။ တစ်အိမ်ကို တစ်ပတ်ကို ၂ ကြိမ် စောင့်ရပါတယ်။ မစောင့်နိုင်တဲ့ သူဆို အဌားစောင့်ခ ၃၀၀၀ ကျပါတယ်။ တစ်လကို ၂ သောင်းခွဲ လောက် မရှိမဲ့ရှိမဲ့ထဲက ထွက်နေမှာပါ။

တကယ်တမ်းဆို P တွေ့တဲ့ အဘိုးကြီးနဲ့ သူ့အိမ်ကလူတွေကို လဲ လာခေါ်သွားကြပါပြီ။ အိမ်ကိုလဲ ချိတ်ပိတ်ထားပါတယ်။ ဘာလို့များ စောင့်ခိုင်းနေရတာလဲလို့ မေးကြည့်တော့ တခြားလမ်းက လူတွေ မကူးအောင်လို့တဲ့။ ဒါဆို လမ်းထိပ်မှာ “ပိုးတွေ့လူနာ ရှိပါသဖြင့် ဝင်ရောက်ခွင့်မပြု” လို့ ဆိုင်းဘုတ် ရေးထားလိုက်ရင် ပြီးရော မဟုတ်လားဆိုတော့ အထက်ကို မပြောရသေးလို့တဲ့။ ဘယ်အထက်က ပုဂ္ဂိုလ်ကို မေးနေလဲ တော့ မသိ။

ဟိုနေ့ကဆို ကလေး ၂ယောက်နဲ့ အဘကြီးတစ်ယောက်နဲ့ ကင်းထိုင်စောင့်နေရတယ်။ အိမ်မှာ လူခွဲမရှိလို့တဲ့။ ကလေးလေးက အစ်ကိုက ၁၁ နှစ်ကျော်ပဲရှိသေးတယ်။ ညီက ၁၀ နှစ်တောင် မပြည့်သေးပါ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ခုလိုစောင့်ခိုင်းစေတာ risk အရမ်းများပါတယ်? မနီးမဝေးက ရပ်ကွက်အဝင်ဝမှာလဲ စောင့်တဲ့ဂိတ် တစ်ခုက ရှိပြီးသားပါ။ အဲ့ဂိတ်မှာစောင့်ဖို့ကိုလဲ တစ်အိမ်ကို တစ်လ တစ်ထောင် ကောက်ခံပါ တယ်။

အစောင့်ရှိနေပြီးသားကိုတောင် လမ်းလယ်ခေါင်မှာ တစ်နေကုန် ထိုင်စောင့်ခိုင်းစေတာကိုတော့ အတော့်ကို စိတ်ပျက်မိပါတယ်။ အမြဲမစောင့်ရဘူးလို့ ပြောပေမယ့် ဘယ်နေ့ထိ စောင့်ရမလဲဆိုတာကို တော့ ခုထိ မသိရပါဘူး။ အားလုံးရဲ့ အမြင်နဲ့ အကြံဉာဏ်ကိုလဲ ကြားပါရစေ။ တခြား Positive လူနာတွေ့တဲ့ လမ်းတွေမှာ ရော လမ်းထိပ်မှာ ခုလို ထွက်စောင့်နေကြရတာပဲလား သိချင်လို့ပါ။

Thein Mg

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page