မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ကိုမာဖြင့် သတိလစ်နေပြီး ညီမဖြစ်သူကို အာဏာလွဲပေးထား

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ကိုးမားဝင် သတိလစ်မေ့မြောနေပြီး ညီမဖြစ်သူက တိုင်းပြည်ကို ထိန်းချုပ်ဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယားသံတမန်တစ်ဦးက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ၎င်းတို့ ခေါင်းဆောင် ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့အကြောင်းကို ဖုံးကွယ်ထားပြီး ကင်ဂျုံအန် အပြင်းအထန် နေမကောင်းဖြစ်ကာ သတိလစ်မေ့မြောနေတယ်လို့ တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျုံရဲ့ လက်ထောက်ဟောင်း ဖြစ်သူ ချန်ဆောင်မင်က ပြောခဲ့ပါတယ်။

ယခုနှစ်အတွင်း လူမြင်ကွင်းမှာ ထွက်ပေါ်လာခြင်း မရှိသလောက်ဖြစ်နေတဲ့အတွက် ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကောလဟာလတွေ ပိုဆိုးလာနေခဲ့တာ ဖြစ်ပါတယ်။ ဒေသခံမီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ ချန်ဆောင်မင်က ကင်မ်ဂျုံအန် ကိုးမားဝင်နေတယ်လို့ သိရပါတယ်၊ ဒါပေမဲ့ သေဆုံးသွားပြီလို့တော့ မထင်ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာအချို့ လွှဲပြောင်းယူထားတဲ့ ကင်မ်ဂျုံအန် ညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားကို ထိန်းချုပ်သွားမယ်လို့ ၎င်းကဆိုပါတယ်။ ပြီးပြည့်စုံတဲ့ အာဏာဆက်ခံမှုကို မဖွဲ့စည်းနိုင်သေးတာကြောင့် ကာလရှည် လစ်လပ်နေတဲ့ ခေါင်းဆောင်နေရာကို ဆက်လက်ထိန်းသိမ်းဖို့ ကင်မ်ယိုဂျုံ ရှေ့တန်းရောက်လာခဲ့ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင်သတင်းမီဒီယာတွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့ အစိုးရအဖွဲ့အစည်းအဝေးကို ကင်မ်ဂျုံအန် တက်ရောက်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် ခုလို သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုတစ်ပတ်အစောပိုင်းက ကင်မ်ဂျုံအန်က ညီမဖြစ်သူကို မြောက်ကိုရီးယားကို လက်တွေ့ အုပ်ချုပ်မယ့် ဒုတိယခေါင်းဆောင် အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ကင်မ်ယိုဂျုံက ယခုအခါ အမေရိကန်နဲ့ တောင်ကိုရီးယဦးအတွက် မြောက်ကိုရီးယားမူဝါဒရေးဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူနေပြီး ကင်မ်ဂျုံအန် လက်ထောက်အဖြစ် ခန့်အပ်ခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိကြီးတွေက ပြောပါတယ်။

ကင်မ်ဂျုံအန်အနေနဲ့ တိုင်းပြည်မှာ အာဏာအပြည့်အဝရှိနေဆဲ ဖြစ်ပေယ့် အုပ်ချုပ်ရေး ဖိစီးမှုတွေကို ရှောင်လွဲဖို့ တာဝန်အချို့ လွှဲအပ်ပေးထားတယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကင်ဂျုံအန်ဟာ ယခုနှစ် ဧပြီလက နှလုံးခွဲစိတ်ခဲ့ရာက အခြေအနေ ပိုဆိုးလာခဲ့ပြီး သေဆုံးပြီလို့ ယူဆတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မေလက ဓါတ်မြေဩဇာစက်ရုံဖွင့်ပွဲ တက်ခဲ့တဲ့ ကင်မ်ဂျုံအန်ဓါတ်ပုံတွေကို နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်ပြီးနောက် ယခုနှစ်အတွင်း လူမြင်ကွင်းမှာ အနည်းငယ်သာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page