မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်း ပြည်သူတွေကို တောင်းပန်ပြီ

မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်း ပြည်သူတွေကို တောင်းပန်ပြီ

နိုင်ငံသားတွေရဲ့ဘဝ တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အောက်တိုဘာ ၁၀ ရက်မှာ ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။ ၂ နှစ်အတွင်း ပထမဆုံးအနေနဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေကို ထုတ်ပြတဲ့ အာရုံ မတက်ခင် လုပ်တဲ့ စစ်ရေးပြပွဲအတွင်း ခုလို ပြောလိုက်တာပါ။

လက်ရှိအာဏာရလုပ်သားပါတီ တည်ထောင်တဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ မြောက်ကိုရီးယားဟာ ပွဲတော်တွေ၊ ဖျော်ဖြေပွဲတွေကိုလည်း ကျင်းပနေ ပါတယ်။ ဒီပွဲကို ဒေသတွင်းက စောင့်ကြည့်ခဲ့ကြပြီး ကင်က ပြည်တွင်းပြည်ပ ပရိသတ်တွေရှေ့မှာ သတင်းစကား ပြောပါတယ်။

“ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စစ်ပွဲ အဟန့်အတားတွေနဲ့ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်တွေကို ဆက်ပြီး တည်ဆောက်သွားမယ်”လို့ ကင်က ပြောပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့စစ်ရေး စွမ်းရည်ကို လက်ဦးမှုယူပြီး အသုံးချမှာတော့ မဟုတ်ဘူးလို့လည်း သူက ကတိပြုပါတယ်။

သူ့မိန့်ခွန်းထဲမှာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆွေးနွေးပွဲကိုရော အမေရိကန်ကိုပါ ထည့်သွင်းရည်ညွှန်းပြီး မပြောခဲ့ပါဘူး။ တောင်ကိုရီးယားနဲ့ အမေရိကန်အရာရှိတွေကတော့ မြောက်ကိုရီးယားဟာ ဗျူဟာမြောက် လက်နက်သစ်တွေကို ထုတ်ပြကောင်း ပြလိမ့်မယ်လို့ ပြောပါတယ်။

စစ်ရေးပြပွဲ ကနဦးရုပ်သံတွေထဲမှာတော့ သမားရိုးကျ စစ်သည်တွေက အုပ်စုဖွဲ့ ပုံဖော် ချီတက်တာတွေကို ပြထားပြီး ပဲ့ထိန်းဒုံးကျည်လို့ ထင်ရတဲ့ ဒုံးကျည်တွေကို ကားတွေပေါ် တင်ထား ပါတယ်။ ဒီစစ်ရေးပြပွဲဟာ အာရုံမတက်ခင် ကျင်းပတဲ့ ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page