ကပ်ရောဂါနဲ့ ခွေးအူခြင်းနိမိတ် (ယခုတလော ညတိုင်းနီးပါး ခွေးတွေအူနေကြတဲ့ အကြောင်း နိမိတ်ကောက်အဟော)

ကပ်ရောဂါနဲ့ ခွေးအူခြင်းနိမိတ် (ယခုတလော ညတိုင်းနီးပါး ခွေးတွေအူနေကြတဲ့ အကြောင်း နိမိတ်ကောက်အဟော)

အ-မင်္ဂလာမို့ မရေးခဲ့တာပါ။ မိတ်ဆွေ လေးငါးဦးထံတော့ ဖုံးဆက် ပြောဖြစ်ခဲ့ပါသေး၏။ ၁၁ ရက်နေ့ ည ၁ ခွဲ ၂ လောက် ခွေးတွေ တော်တော်အူပါသည်။ လမ်းမကြီးပေါ်တွေကအူတာပါ။

ဒါပေမဲ့ ခွေးအူသံ ရှည်/ကြာ/စွဲ၍ မအူပါ။ အူတာတော့ လမ်းမကြီးတွေဘက်ကဟုသာ ကြားမိပါသည်။ ရုတ်တရက်အူပြီး သိပ်မကြာလိုက် ရပ်သွားပါသည်။ ဂရုတစိုက်နားထောင်ကြည့်ပါသည်။ အသံ…မရှည်ပါ။ မကြာပါ။ စွဲ၍မအူပါ။ ထို့ကြောင့် ပဲ့စင်ကြွေသွားတာတွေ ဖြစ်လာသော်လည်း အူသံစွဲရှည်မကြာ၍ ပဲ့စင်ကြွေလွင့်ခြင်းတို့ ဒီထက်သိပ်မများလောက်ဟု ဆိုချင်ပါသည်။

မှတ်ချက်(၁) လမ်းသွယ် လမ်းကြားတွေမှာအူပါက ယခုထက် အစများစွာဆိုးတတ်ပါသည်။ မှတ်ချက်(၂) ခွေးအူခြင်းသည် ညည့်၏ ပထမယံကျော် ည၁၀ ကျော်မှ ညည့်၏ဒုတိယယံ ည ၁၂ ကျော်တွင်း သန်းခေါင်ဝန်းကျင် များ၌အူပါက ပို၍ကျက်သရေယုတ်၏ဟုအဆိုရှိ၏။

မှတ်ချက်(၃) ခွေးတို့သည် အရပ် ၈ မျက်နှာ ဗရမ်းပတာလှည့်အူပါက ပို၍ ပို၍ဆိုးစေဟုအဆိုရှိ၏။ မှတ်ချက်(၄) ခွေးတို့သည် အရပ်မျက်နှာ တစ်မျက်နှာတည်းသို့ ဦးတည်အူပါက အဆိုးအညံ့တို့ များစွာသက်သာ၏ဟု အဆိုရှိ၏။ ယခုသည် ညမထွက်ရအမိန့်ရှိနေ၍ ထွက်မကြည့်လိုက်သဖြင့် အဘယ်အရပ်မျက်နှာမျိုးသို့အူနေ ကြသည်ကိုမသိ မမြင်လိုက်ပါ။

လွန်ခဲ့သော ၃ လခန့်က ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ်ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့် ပစ်ကြတာတောင် ခွေးအုပ်စုက အအူမပျက် ထူးထူးဆန်းဆန်း အူကြပါသတဲ့ သေနတ်မိုးပေါ်ထောင်ဖေါက်သည်အထိ သွားရောက်တားမြစ်သော်လည်း ​သေနတ်ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာ ရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့ ၅ ရက်အတွင်း သောင်းချီသေကြေပျက်စီးပါသတဲ့ . . .

အခုတော့ ရန်ကုန်မြို့တွင်းသို့ သံဃာတော်အရှင်သူမြတ်များက အစိုးရ၏အစီအစဉ်ဖြင့် ပရိတ်တော်များ လှည့်လည်ရွတ်ဖတ်နေကြပါသည်။

စေတနာမေတ္တာဖြင့် Dr.Myint Win(Ph.D)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page