မိဘတွေ ကူးစက်ခံရလို့ ဟိုတယ်မှာ တယောက်ထဲ ခွဲထားခံခဲ့ရတဲ့ ၃ နှစ်သားလေး
မိဘတွေ ကူးစက်ခံရလို့ ဟိုတယ်မှာ တယောက်ထဲ ခွဲထားခံခဲ့ရတဲ့ ၃ နှစ်သားလေး
မိဘတွေ(P+)ဖြစ်လို့ ကလေးကိုတော့ မကူးနိုင်ဘူးဆိုပြီး ဟိုတယ်မှာ ခွဲထားခဲ့ကြတယ်။
တယောက်ထဲဖြစ်နေတဲ့ သုံးနှစ်မပြည့်သေးတဲ့ ကလေးလေးကိုလည်း စစ်လိုက်တော့ (P+)တဲ့။
မိခင်ဆေးကုသမှုယူနေတဲ့ နေရာကိုပို့ပေးဖို့သွားခေါ်တော့ အခုမှတွေ့ရပေမဲ့ “သားရေမေမေဆီ ခေါ်သွားပေးမယ်နော်”ဆိုတော့ (ဟုတ်)….တဲ့၊ ကားပေါ်တက်နော် ဆိုတော့လည်း ပြုံးပြီးတက်ရှာတယ်၊
လက်ကိုဆေးဖြန်းပေးတော့ သေချာပွတ်ရှာတယ်၊ ဟိုတယ်က ဦးဦးတွေကို နှုတ်ဆက်လိုက်ပါဦးဆိုတော့လည်း လက်လေးဝှေ့ပြီး “တာ့တာ” တဲ့
မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းပြည့်တဲ့ လိမ္မာလိုက်တဲ့ကလေးလေး၊ မိခင်လက်ထဲအပ်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ပြန်လာကြရတယ်။
တခါတလေတော့ ပရဟိတသမားကြီးတွေ မျက်ရည်ဝဲရတဲ့အခါလည်းရှိရပါလားလို့ပေါ့။ ကလေးရောမိခင်ပါ လျှင်မြန်စွာ ပျောက်ကင်းကြပါစေ။
ကလေးလေးအား မိခင်ရင်ခွင်ရောက်သည်အထိ အနီးကပ်စောင့်ရှောက်ပေးခဲ့သော ဒေါ်နိုင်နိုင်ဝင်းထိန် အားလည်း မှတ်တမ်းတင် အပ်ပါသည်။
Aye Thandar Myint