နှစ်ကြိမ်တိုင်တိုင် ခိုးရာလိုက်ခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် ခိုးယူသူကို အမှုဖွင့်
နှစ်ကြိမ်တိုင်တိုင် ခိုးရာလိုက်ခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် ခိုးယူသူကို အမှုဖွင့်
ဒလမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် လင်မယားအဖြစ်ပေါင်းသင်းနေသူကို အမှုဖွင့်ထားကြောင်း သိရပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့တွင် အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်နှင့် လင်မယားအဖြစ် ပေါင်းသင်းနေသူအား အမှုဖွင့် တိုင်ကြားထားကြောင်း သိရပါတယ်။
အဆိုပါ အမျိုးသမီးငယ်မှာ ဒီဇင်ဘာ ၁၄ရက်နေ့က အမဖြစ်သူနှင့် နေအိမ်တွင်အတူရှိစဉ် ဈေးဝယ်ရန်အပြင်ထွက်သွားခဲ့ရာမှ ပြန်ရောက်မလာသဖြင့် လိုက်လံရှာဖွေခဲ့ရာမှ ကလားစုကျေးရွာအုပ်စု၊ ဒလမြို့နယ်နေ ရဲဝင်း နှင့်ခိုးရာလိုက်ပြေးခဲ့သည်ကို သိခဲ့ရကြောင်း ဆိုပါတယ်။
၎င်းအမျိုးသမီးငယ်သည် လွန်ခဲ့သော (၂)လခန့် အောက်တိုဘာ ၄ ရက်နေ့ကလည်း ရဲဝင်း နှင့် ခိုးရာလိုက်ပြေးခဲ့၍ အောက်တိုဘာ ၁၀ ရက်နေ့၌ ပြန်လည်ခွဲ ထားခဲ့ကြသူများ ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
မိဘအုပ်ထိန်းမှုအောက်ရှိ အရွယ်မရောက်သေးသူ နှင့် အကြင်လင်မယားအဖြစ်ပေါင်းသင်းသူ ရဲဝင်းအား ဒလမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။