တာချီလိတ်မှာ ခိုးဝင် တရုတ်နိုင်ငံသားတွေကို ဖမ်းမိပြန်ပြီ (အခြေအနေတွေ ရှုပ်ထွေးနေတုန်း ခိုးဝင်ကြတာ)

တာချီလိတ်မှာ ခိုးဝင် တရုတ်နိုင်ငံသားတွေကို ဖမ်းမိပြန်ပြီ (အခြေအနေတွေ ရှုပ်ထွေးနေတုန်း ခိုးဝင်ကြတာ)

စက်တင်ဘာ ၂၀ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ခိုးဝင်တရုတ်နိုင်ငံသား ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရပါတယ်။

တာဝန်ရှိသူများသည် စက်တင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်း ၄ နာရီခန့်က တာချီလိတ် မိုင်းလင်းအရှေ့အုပ်စု နမ့်မွေတံတားတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ ယာဉ်မောင်း စိုင်းတစ် ဆိုသူမောင်းနှင်လာသော မော်တော်ယာဉ်ကို စစ်ဆေးရာ အဆိုပါ တရုတ်နိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရပါတယ်။

တရုတ်နိုင်ငံသား ကျား ၈ ဦး ၊ မ ၃ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်းတို့မှာ တရုတ်နိုင်ငံ ဟူပိန်းပြည်နယ်နေ ယောင်ရှောက်ကောင်း၊ ကျူစီးရီ၊ ကျောက်စလုံ၊ ဟူချန်၊ ချိုက်လုံ၊ လူချန်ချန်၊ ဝူဝန်ဟောက်၊ ဟောင်ကျွန်တုန်း၊ ယောင်ယီမန်၊ ဆန်းတင်း၊ လျှိုမင်ဖု တို့ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် ၎င်း ခိုးဝင်တရုတ်နိုင်ငံသား ၁၁ ဦးကို လဝက အက်ဥပဒေ ၁၃(၁)/၁၃(၅)ဖြင့် လည်းကောင်း၊ ၎င်းတို့ကို သယ်ဆောင်လာသူ စိုင်းတစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ဇင်လတ်(တာချီလိတ်)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page