ခေတ်အဆက်ဆက်ရှိခဲ့တဲ့ မြန်မာပြည်က ခေတ်ပျက်သူဌေးများနှင့် ယနေ့ခေတ်မှာဆိုရင်
အဖေပြောဖူးတယ် “ခေတ်ပျက်သူဌေး” ဆိုတာ ဘယ်ခေတ်မဆိုရှိတယ်တဲ့။
သူတို့တုန်းက ၈၈ မှာ ဘယ်သူ့အဖေခေါ်ရမှန်းမသိ တိုင်ပြည်မတည်မငြိမ်ဖြစ်နေတဲ့အချိန် သစ်တွေရောင်းဝယ်လုပ်တဲ့လူ ဘိန်းတွေသယ်ချပြီး ရောင်းတဲ့လူ တခြားတရားမဝင်အလုပ်တွေကို အမြန်အမြန်လုပ်ချလိုက်တဲ့သူတွေရှိတယ်တဲ့ အခြေအနေတွေတည်ငြိမ်သွားတဲ့အခါ တိုက်နဲ့ကားနဲ့သူဌေးဖြစ်သွားပြီး ခပ်တည်တည်နဲ့ ဘုရားတည်ကျောင်းဆောက် အလှူ့ဒကာ/အလှူ့ဒကာမကြီးတွေဖြစ်ပြီး လူတိုင်းအားကျနေရတဲ့ဘဝကိုရောက်သွားသတဲ့ အကြောင်းသိတဲ့လူတွေကလည်း အရိုးအရင်းကိုက်ရတော့ မပြောရဲကြဘဲပါးစပ်ပိတ်ကုန်ကြသတဲ့။
အဲဒီတုန်းကတော့ ကိုယ်သိပ်နားမလည်ခဲ့ပါဘူး။ ကိုယ့်ခေတ်ရောက်တော့ ဘာ pay ညာ pay တွေကို 7% 8% နဲ့ သိန်းကို ထောင်နဲ့သောင်းနဲ့ချီလဲပြီး နေ့ချင်းညချင်းကြီးပွားသွားသူတွေ မြေဈေးတွေကစားပြီး မတန်တဆရောင်းဝယ်ပြီး သူဌေးဖြစ်သွားကြသူတွေ သွင်းကုန်တွေ မတည်မငြိမ်ဖြစ်နေတဲ့အချိန် လက်ဦးမှုယူထားပြီး ဈေးမတန်တဆနဲ့ ပြန်ထုတ်ရောင်းတဲ့သူတွေ ကိုယ့်မျက်စိရှေ့မြင်ရတော့ အဖေပြောတဲ့ “ခေတ်ပျက်သူဌေး” ဆိုတာ ငါတို့ခေတ်မှာလည်းရှိပါလားလို့တွေးပြီး အံ့ဩမိတယ်။
သာမန်ရိုးရိုးသားသားရောင်းဝယ်နေတဲ့လူတွေကတော့ မတည်ငြိမ်တဲ့ငွေဈေးနဲ့ ခုတမျိုးတော်ကြာတမျိုးဥပဒေတွေကြားမှာ သက်ပြင်းတချချ ရင်တမမနဲ့ အခြေအနေကြည့်ပြီး ရောင်းဝယ်လုပ်ကိုင်စားနေရတာ ခေတ်ပျက်သူဌေးတွေကတော့ ဂွင်တစ်ဂွင်မိပြီးသွားရင် အေးဆေးထိုင်စားရုံပဲ “ရော့ ငါလှူပြမယ် ငပြိန်းတွေသာဓုခေါ်ကြ” ဆိုပြီး လှူပြရင် သာဓုခေါ်သံတွေဝေဝေဆာဆာပေါ့။ အရင်ခေတ်ပျက်သူဌေးတွေကတော့ နီးစပ်ရာလူပဲသိကြပေမယ့် ခုခေတ်ပျက်သူဌေးတွေကတော့ fb ပေါ်မယ် မမြင်ချင်မှအဆုံး စားပြသွားပြ လှူပြတန်းပြ ဇွတ်အေးချမ်းသာယာပြ အောက်ကလည်း သွားရည်တမြားမြားကျနေသူတွေရဲ့ cmt တွေကဝေဝေဆာဆာ fb ပေါ်မှာကြွယ်ပြရုံတင်အားမရသေးဘူးနော် သူ့လိုစီးပွားမဖြစ်သူတွေကို အရည်အချင်းမရှိသလိုလို ညံ့ဖျင်းသလိုလို ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲအားယားနေကြသလိုလိုမြင်ပြီး fb ပေါ်ကနေ အောင်မြင်ရေးကျမ်းတွေတက်တက်ရေးပြီးဆုံးမသေးတာ။ တကယ့်ရိုးရိုးသားသားချမ်းသာလာတဲ့ သူဌေးအစစ်တွေ အဲဒီအချိန်ဘာလုပ်နေကြလဲမမေးနဲ့ ဘဏ်ကိုပေးရမယ့်အတိုးတွေထိုင်တွက်ရင်း သွေးကျဆေးသောက်နေရတာ။
Min Yel Kyaw Swar