အမေရိကန်နိုင်ငံ နယူးယောက်က ဝေါလမ်းမကို ထိုးဖောက် ဝင်ရောက်နေတဲ့ ချင်းလူငယ်လေး

နယူးယောက်က ဝေါလမ်းမကို ထိုးဖောက် ဝင်ရောက်နေတဲ့ ချင်းလူငယ်လေး Rome Thalop လို့ခေါ်ပါတယ်။

Rome Thalop ဆိုတာ မြန်မာပြည်ဖွား ဒုက္ခသည် မိဘနှစ်ပါးက မွေးလာတဲ့ ချင်းလူငယ်လေး။ Thalop Group ဆိုတဲ့ multi-disciplinary investment company ကိုထောင်ပြီး ကမ္ဘာကျော် ငွေကြေးဈေးကွက် နယူးယောက်မှာ လှုပ်ရှားနေတဲ့ လူငယ်လေး။ ၂၀၂၃ မတ်လက ထွက်လာတဲ့ သတင်းတွေမှာ သူ့ကုမ္ပဏီဟာ အရောင်းအဝယ် ဒေါ်လာသန်း ၅၀ ရှိတယ်လို့ ဖေါ်ပြထားတယ်။ စတော့ဈေးကွက် သတင်းတွေမှာလည်း သူ့ကုမ္ပဏီ အကြောင်း ဖတ်ရတယ်။ အင်ဒီယားနားမှာ ဘဏ်တခု ထောင်ဖို့ စီစဉ်နေပြီး ၂၀၂၃ မှာ ရှယ်ယာတွေထုတ် ရောင်းမယ်လို့ သတင်းတွေ ထွက်ဘူးတယ်။

ဝေါလမ်းမကို ထိုးဖေါက်ဖို့ ဆိုတာ သာမန် ညဏ်ရည်မျိုးနဲ့တော့ မလွယ်ဘူး။ မြန်မာပြည်သားတွေထဲမှာ ပထမ ဆုံးဖြစ်ဖို့များ မယ်ထင်တယ်။ အိမ်မက်ကြီးကြီးမက်တဲ့ လူငယ်တွေ အိမ်မက်နဲ့ ထိုက်တန်တဲ့ ပညာရေးရှိဖို့ သိပ်အရေးကြီးပါတယ်။

American Dream အမေရိကန် အိမ်မက်မက်နေတဲ့ မြန်မာ လူငယ်လေးတွေ အမေရိကားကို မလာခင် အမေရိကန် အိမ်မက်နဲ့ နာမည်ကြီးတဲ့ The Great Gatsby ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်သင့်တယ်လို့ အကြံပြုပါရစေ။ အမေရိကားက ကောလိပ်တွေမှာ သင်ရတဲ့ Classic Literature စာအုပ်ပါ။

အဲဒီတော့ အမေရိကန် အိမ်မက်ရဲ့ အရေးကြီးဆုံး နံပါတ် (၁) က ပညာရေးပါ၊ အရေးကြီးဆုံး နံပါတ် (၂) ကပညာရေးပါ၊ အရေးကြီးဆုံး နံပါတ် (၃) ကလည်း ပညာရေးပါ။

Hla Shwe

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page