ကိုဗစ်ကြောင့် ထပ်မံကြွေလွင့်သွားခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတဦး (အထူးဝမ်းနည်း ကြေကွဲရပါတယ်)

ကိုဗစ်ကြောင့် ထပ်မံကြွေလွင့်သွားခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတဦး

ဗဟိုရ်စည်ဆေးရုံက သူနာပြုအကူလို့ သိရပါတယ်။ အထူး ဝမ်းနည်းကြေကွဲရပါတယ်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မင်းတစုရွာအုပ်စု၊ ကျောင်းရွာ ကျေးရွာနေ… ဦးအောင်ဇော်လင်း (ကျိုက္ခနိမ်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်၊ မင်းတစု ဟိတသုခဓရ လူမှုကူညီရေးအသင်း) + ဒေါ်ခင်ဌေးရီတို့၏ သမီးကြီး၊ မယဉ်ယဉ်နွယ်၏ အစ်မ ဖြစ်သူ

မခင်မျိုးသူ အသက်(၂၃)နှစ် သည် (၁၈-၉-၂၀၂၀) သောကြာနေ့ နံနက် (၁၀:၄၀)နာရီတိတိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ မင်းတစု နှင့် ကျောင်းရွာ ရွာသူရွာသားများမှ အထူး ဝမ်းနည်းကြေကွဲရပါကြောင်း။ ‌ မခင်မျိုးသူ ကောင်းရာ ဘုံဘဝ ရောက်ပါစေ။ မင်းတစုရွာ နှင့် ကျောင်းရွာ ရွာသူရွာသားများ (၁၈-၉-၂၀၂၀)

ရာဝဏ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page