သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးရန် ကျန်းမာရေးဌာနမှ စစ်တမ်းကောက်ယူနေ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးရန်…
သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အဖြစ်များဆုံး ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းများကြီးရှိတဲ့ထဲကမှ သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကတရားခံ အိပ်ဂျ်ပီဗီဗိုင်းရပ်စ် ၁၆ နဲ့ ၁၈ (Human Papilloma Virus Type 16 and 18) အတွက် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
ကြေညာထားသည့်အတိုင်း ကျန်းမာရေးဌာနသည် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် စတင် စာရင်းကောက်ယူနေပီဖြစ်ပါသည်။ သို့ပါ၍ ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ သြဂုတ်လအတွင်း မွေးဖွားသူ အမျိုးသမီးများ တနည်း အသက် ၉နှစ်မှ ၁၀နှစ်ကြား မိန်းကလေးများကို စတင်ထိုးနှံပေးမည်ဖြစ်သဖြင့် နီးစပ်ရာ ဒေသန္တရကျန်းမာရေးဌာနများသို့ သွားရောက်၍ စာရင်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။ နာမည်နဲ့ မွေးသက္ကရာဇ် ပြောပီး စာရင်းသွင်းရုံပါပဲ။ နောက်ဆုံး စာရင်းပေးရမယ့်နေ့က (၁၅.၈.၂၀၂၀) ဖြစ်လို့ မသိသေးသူတွေကို သတင်းလက်ဆင့်ကမ်းပေးကြပါ။
နိုင်ငံတော်မှ အခမဲ့ ထိုးပေးမည်ဖြစ်သဖြင့် မပျက်မကွက် စာရင်းပေးကြပါ။ ဒီအစိုးရလက်ထက်မှာ ပြည်သူတွေ ထပ်မံခံစားရတဲ့ ကျန်းမာရေးဘက်က အကျိုးကျေးဇူးတွေပါပဲ။
သားအိမ်ခေါင်း ကင်ဆာရောဂါသည် အမျိုးသမီးတိုင်းအား ခြိမ်းခြောက်နေသော ကင်ဆာရောဂါ ဖြစ်သဖြင့် မပေါ့ဆသင့်ပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ စစ်တမ်းများအရ အမျိုးသမီးများတွင်ဖြစ်လေ့ရှိသည့် ကင်ဆာရောဂါ၏ ၈၀% မှာ သားအိမ်ခေါင်း ကင်ဆာ ရောဂါဖြစ်ပါသည်။