ကိုဗစ်ရှေ့တန်း တိုက်စစ်မှူးကြီး ပြောတဲ့ ကိုဗစ်ဝေဒနာ ကိုယ်တွေ့ခံစားရမှုများ
Covid, Comorbid နှင့် ကျွန်တော်
အဲဒီနေ့က ကားပေါ်ကအဆင်း မျက်မှန်ကဝါးသွားတယ် faceshield ဖြုတ် မျက်မှန်ကို ပုဆိုးနဲ့သုတ် ကျွန်တော့်မျက်နှာမှာ တပ်ထားတာ surgical mask လေးတစ်ခုပဲ ကျန်နေတုန်း “ဆရာ ပြန်ရောက်လာတာ ဝမ်းသာတယ်” အနားကပ်ပြောလာသော အမျိုးသမီးတစ်ဥိး mask ကမေးမှာ ကျွန်မက ညက ဆရာတို့ လာခေါ်သွားတဲ့ (+)ကားသမားအိမ်ဘေးကပါ ကျွန်မလည်း ဒီမနက်မှ အနံမရသလို ဖြစ်နေပြီ
အဲဒီညကချောင်းစဆိုးသည် ၁၈ ညနေ swab (+) Xray ok မြဝတီမှာပဲကုမည်ဆုံးဖြတ်ပြီးမှ အားလုံးတောင်းဆိုမှုကြောင့်ရန်ကုန်ရောက်လာသည်။ တဥက္ကလာဆေးရုံသည် တာဂန်ကျေသည်ထက်ပင်ပိုပါသည်။ လူကြီးတွေကလည်း အမြဲသတင်းမေးစောင့်ရှောက်ပါသည်။ အကောင်းဆုံးအဆင်အပြေဆုံး အနေအထားပါ။
Xray ထပ်ရိုက်တော့ covid lungs ဖြစ်နေပြီ (၂)ရက်အတွင်းအဆုတ်သည် မြန်စွာထိခိုက်လေပြီ။ ဆေးတွေနိုင်အောင်ပေးထားလျက်နဲ့ ချောင်းဆိုးကားမသက်သာသေး ရင်ခေါင်းတစ်ခုလုံး နာအောင် ချောင်းခြောက်ဆိုးသည် စကား ပြောရင်ပိုဆိုးသည်
အစောပိုင်းကာလ တရားလည်းမသိ ဘာမှမမှတ်နိုင် ခုရက်တော့ နိစ္စပတ် ပြန်လုပ်နိုင်သည် အာရုံတော့မမကျသေး ချောင်းဆိုးရန် ရင်ခေါင်းထဲကလိပ်တက်လာတာကအခံရခက်သည်။
အနယ်နယ်က ဆုတောင်းပေးနေသော ရဟန်း လူသူတော်စင်များမိတ်ဆွေများ တပည့်များ သူငယ်ချင်းများ က post မတင်၍ ဖြစ်သည်ထက်ပိုစိတ်ပူမှာစိုး၍ တင်ပြပါသည်။ လူကြီးများ၏စောင့်ရှောက်မှုဖြင့် အကောင်းဆုံး ကုသခံနေရပါသေးသည် ချောင်းဆိုးသည်မှာ အခံရ ခက်ပါသည် အိပ်ရေးမဝပါ ချောင်းငြိမ်နေချိန် လှဲနေရပါသည် ချောင်းဆိုးပါက hip jointထဲကတောင်နာပါသည်
ကျန်သူများ မောင်မျိုး ကလျာ သက်သာကာထူထူထောင်ထောင်ဖြစ်နေပါပြီ။ ကိုဗစ်သည် ကိုမောဗစ် (တွဲဖက်ရောဂါ – ဆီးချို ရင်ကြပ် နှလုံး) ရှိလျှင် ပိုကြိုက်သည်တဲ့ ကျွန်တော်က သက်သေပင် မိမိတို့အိမ်မှ အသက်အရွယ်ကြီး ရောဂါဝေဒနာသည်များထံ ရောက်မလာစေရန် ကာကွယ်ပါ။ လူလတ်ပိုင်း ကျွန်တော်ပင် အရမ်းခံရခက်ပါသည် သက်ကြီးရွယ်အိုများ မခံနိုင်လောက်ပါ ကရုစိုက်စေလိုပါသည်။
ကျွန်တော့်အား အားကိုးတကြီး ရင်းရင်းနှီးနှီး အနီးကပ်လာပြောကာ ထိတွေ့စေသော အမျိုးသမီးကြီးလည်း PCR +ve ဖြစ်၍ ထိတွေ့သူ ၁၉၆ ဦးရှိနေပါသည် ၎င်းတို့အား ခေတ္တ လော့ဒေါင်း လုပ်ကာ ထိုကာလအတွင်း အဆင်ပြေပြေနေထိုင်နိုင်ရန် ဆန်ဆီ ကွေကာအုတ် ကြက်သွန် ဆား များ မိသားစု အားလုံးထံ ၁၁၂၃၀၀၀ (တစ်ဆယ့်တစ်သိန်းနှစ် သောင်းသုံးထောင်ဖိုး) ဝေငှစေခဲ့ပါသည် ၂၀-၁၁-၂၀၂၀ (ဆရာဒေါက်တာနေဇင်လတ် အန်တီဒေါ်ခင်စန်းမိသားစုအလှူဖြစ်ပါသည်)
ဆိုရသော် ကျွန်တော်ဆေးကုသမှုခံနေရဆဲပါ အကောင်းဆုံးလိုလေသေးမရှိ စောင့်ရှောက်မှုခံနေရပါသည် (စောင့်ရှောက်ပေးသူ များအားကျေးဇူးတင်ပါသည်) အနယ်နယ်အရပ်ရပ်မှအားပေးသူများ အဓိဌာန်ပြုသူများ ဆုတောင်းပေးကြသုများ ယတြာချေပေးသူများ မေတ္တာပေးပို့ကြသူအားလုံးအား အကြောင်းမပြန်နိုင်ပေမယ့် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း လေးစားစွာတင်ပြလိုက်ရပါသည်။
ဒေါက်တာနန္ဒဝင်း