သက်ကြီးရွယ်အိုလူနာတွေ အများဆုံး ကွယ်လွန်နေတဲ့အပေါ် ဆရာဝန်တဦးရဲ့ ခံစားချက်
သက်ကြီးရွယ်အိုလူနာတွေ အများဆုံး ကွယ်လွန်နေတဲ့အပေါ် ဆရာဝန်တဦးရဲ့ ခံစားချက်
ဒီညအဖြေကိုကြည့်သိပြီး ငိုမိပြီ စိတ်လည်း အရမ်းပူမိပြီ။ ကိုယ့်ကြောင့် အတူနေမိဘတွေ တခုခုဖြစ်မှာ အရမ်းစိုးရိမ်နေ မိနေပြီ။ အတူမနေဘဲ ခွဲနေသင့်ပြီလားလို့လည်း တွေးမိပြီ။ အလုပ်အားလုံးကိုပစ်ချပြီး အမေ၊အဖေနဲ့ ကိုယ် ၃ ယောက်လုံး ဘယ်မှာမသွားဘဲ အိမ်မှာပဲ အတူနေကြမလားလို့ အရမ်းတွေးနေမိပြီ။
Positive PG ဒေါက်တာလေးကနေ အတူနေ သူ့ဖေဖေနဲ့မေမေပါ ကူးစက်ခံရတယ့်သတင်း။ ကိုယ်ချင်းစာလွန်းလို့ မျက်ရည်တွေ အလိုလိုကျလာတယ်။ ကိုယ်ကအုပ်ချုပ်ရေးကိုင်ရတော့ လူနာနဲ့မထိတွေ့ရပေမယ့် အဆောင်က သူနာပြု ဆရာဝန်တွေ နဲ့ အထိအတွေ့များတယ်။ Mask နဲ့ face shield တပ်ထားပေမယ့် ဘယ်သူက ဘယ်အချိန် ကိုယ်အပါအဝင် Contact person ဖြစ်မယ်မသိနိုင်တဲ့အခြေအနေ။
မိသားစုနဲ့အတူနေရတဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ကျွန်မ Mask တပ်ပြီး အခန်းထဲက အခန်းပြင်တောင် မထွက်ရက်ဘူး။ အခန်းပေါက်ဝကနေ သမီးကို စကားလာလာပြောတဲ့အမေ ဘာလုပ်နေလဲလာလာကြည့်ပြီး ထမင်းစားပြီးပြီလား လာလာမေးတဲ့အဖေ၊
သမီး အမေတို့ အဖေတို့နဲ့ ထမင်းအတူစားမှာလားလို့ ခေါ်တိုင်း ဗိုက်မဆာသေးလို့ နောက်မှ စားမယ်လို့ အမျိုးမျိုးလိမ်ပြီး တစ်ယောက်တည်း အခန်းထဲမှာ ဖုန်းပြောရင်း စားခဲ့ရတဲ့ ညစာတွေ အဖေနဲ့အမေ အကြောင်းတွေးမိတိုင်း ထားစရာနေရာမရှိဘူး အမေနဲ့ အဖေ သက်ရှည်ကျန်းမာ၍ ကပ်ရောဂါဘေးမှ ကင်းစင်ဝေးပါစေ။
သားသမီးအားလုံးရဲ့ မေမေ၊ဖေဖေ တွေလည်း သက်ရှည်ကျန်းမာ၍ ကပ်ရောဂါဘေးကင်းဝေးပါစေ။ ရောဂါအခံရှိသူ သက်ကြီးရွယ်အိုလူနာတွေ အသေအပျောက်အရမ်းများလို့ပါ
Win Thandar Phyu