ကိုဗစ်ကို ခံနိုင်ရည် ရှိ/မရှိ စမ်းသပ်နည်းနဲ့ ကူးစက်ခံရရင် အခြေအနေဆိုးနိုင်တဲ့ သူများ

အခုမြင်နေ ကြားနေရတာကို ကြည့်ရင်..

မဖျားဘဲ အနံ့ပျောက်သွားတဲ့သူတွေဟာ ရောဂါပျော့တတ်တယ်၊ ဖျားရင်တောင် ပျော့ပျော့နဲ့ ပြီးသွားတတ်တယ်.. ဖျားနာပြီးမှ အနံ့ပျောက်တဲ့သူတွေဟာ ရောဂါပိုဆိုးတတ်တယ်.. ဖျားရုံဖျားပြီး အနံ့မပျောက်တဲ့သူတွေလဲ ရောဂါဆိုးနိုင်တယ်.. (old strain လို့ယူဆရတယ် ဘယ်သူမှသေချာမသိ)

ဒီအတိုင်း Absolute ဖြစ်ကိုမဖြစ်ရမယ်လို့ မဆိုလိုပါ၊ အနံ့အရင်ပျောက်ပြီး မဖျားဘဲဆိုးသွားတဲ့သူတွေလဲရှိမှာပါ.. ကိုယ့်အခြေအနေကိုယ်သိဖို့ပါ။

နောက်တစ်ချက်က သူငယ်ချင်း Dr. Myo Han အကြံပြုထားတာ အတော်လေးကောင်းပါတယ်.. လက်ရှိခေတ်စားနေတာ Pulse Oximeter ပေါ့။ တကယ်လဲ အသုံးဝင်ပါတယ်။ Oxygen level 95% အောက်ရောက်ရင် အောက်ဆီဂျင်ရှူဖို့လိုမယ်ဆိုတော့ တိုင်းနိုင်ရင် ကောင်းတာပေ့ါ..

Pulse Oximeter မတိုင်းနိုင်ဘူး မဝယ်နိုင်ဘူးဆို ဘာလုပ်မလဲ။ ဟုတ်ကဲ့ အသက်အောင့်ကြည့်ပါ။

ပုံမှန်ချိန်မှာ ဘယ်လောက်ကြာကြာ အောင့်နိုင်လဲ Standard ယူထားပါ။ ၁၀ စက္ကန့်လား ၅ စက္ကန့်လား။ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက် ကိုယ့်ခံနိုင်ရည် ကိုယ်စစ်ရမှာပါ။

အသက်ကြာကြာအောင့်နိုင်တဲ့သူဟာ ကိုဗစ်မှာ ပိုပြီးခံနိုင်ရည်ရှိမယ်လို့ အကြမ်းဖျင်းယူဆရတယ်။ အဆုတ်အားကောင်းပြီး oxygen deprivation ကို ခံနိုင်ရည်ရှိနေအောင် လေ့ကျင့်ထားတဲ့သူတွေပါ။ ရေကူးတာမျိုး ရေငုတ်တာမျိုးလုပ်တတ်တဲ့သူတွေဆို ခံနိုင်ရည်ကောင်းတတ်ပါတယ်။

ကိုဗစ်ဝင်ပြီလို့ သံသယရှိရင် တစ်နေ့ကို ၃ ခါလောက် အသက်အောင့်အောင့်ကြည့်ပါ။ ပုံမှန် standard နဲ့ ယှဥ်ပြီး ပုံမှန်ကြာချိန်လောက် မအောင့်နိုင်ဘဲ မောမောလာပြီဆို သွေးထဲ အောက်ဆီဂျင်ကျနေပြီလို့ ယူဆလို့ရပါတယ်။ အဲ့အချိန်ဆို အောက်ဆီဂျင်ရှူမလား ဆေးရုံသွားမလား စဥ်းစားပါ။

မဖြစ်မနေ ဆေးရုံသွားရမယ်မရှိပါဘူး။ ဆေးရုံသွားရင် ဆေးရုံကျမှ ကူးပြီးသေမှာကြောက်နေကြပြီဆိုတာ ကောင်းကောင်းနားလည်ပါတယ်.. ကိုယ့်ရဲ့ Risk နဲ့ ကိုယ် သေချာချိန်ထိုးစဥ်းစားပါ။ စဥ်းစားလို့ရအောင်လဲ အချက်အလက်တွေပေးထားပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ပြီး ဖြစ်လာတာကိုယ့်ဟာကိုယ်လက်ခံဖို့က အရေးအကြီးဆုံးပါ။

သေမယ့်သူက အိမ်မှာနေလို့ ၁၀၀% သေမယ်ဆို ဆေးရုံရောက်သွားရင် ၉၀% လောက်တော့သေနိုင်ပါတယ်။ ဆေးရုံမှာ ကုသပေးတယ်ဆိုတာ ၁၀% လောက်ကယ်နိုင်အောင် အောက်ဆီဂျင်ပေးတာမျိုးနဲ့ ကြိုးစားတာမျိုးပါ။ ဗိုင်းရပ်စ်မှာ အဓိကကတော့ လူခန္ဓာကိုယ်ကပဲ တိုက်ထုတ်ရမှာဖြစ်ပါတယ်။

ဒီတော့ ဆေးရုံသွားမသွားနဲ့ ဆေးရုံသွားဖို့ လိုအပ်မယ့်အခြေအနေတွေကို ကိုယ်တိုင်ချိန်ထိုးဖို့နဲ့ ဆုံးဖြတ်ဖို့ပဲ ပြောချင်တာပါ..

Risk များတဲ့အဖွဲ့ ခွဲခြားပုံထပ်ရေးပေးလိုက်ပါတယ်..

Risk အန္တရာယ်များသောအုပ်စု သတ်မှတ်ချက် – အသက် ၆၀ အထက် ဆီးချို သွေးတိုး နှလုံး ကင်ဆာ အသည်း ကျောက်ကပ်ရောဂါ အဆုတ်နှင့်ရင်ကြပ်ရောဂါ နှင့် သွေးလေးဖက်နာ၊ Autoimmune ရောဂါကဲ့သို့ ရောဂါကြီး နောက်ခံရှိသူများ၊ အဝလွန်သူများ (BMI over 35) ဆေးလိပ်အလွန်အကျွံသောက်သူ..

Risk အန္တရာယ်နည်းသောအုပ်စု သတ်မှတ်ချက် – အသက် ၆၀ အောက် နောက်ခံရောဂါမရှိသူ ပုံမှန်ကိုယ်အလေးချိန်ရှိသူ..

နောက်ဆုံးပြောချင်တာ ကိုဗစ်ဝင်ပြီဆိုပြီး သံသယရှိရင် ဟိုဆေးသောက် ဒီဆေးသောက်ဆိုတာတွေပါ..

ဆေးဆိုတာမျိုးက ဘေးထွက်ဆိုးကျိုးများပါတယ်။ ဆရာဝန်တွေက လူနာကိုပေးရင် လူနာအခြေအနေကို အမြဲစောင့်ကြည့်နေရပြီး လိုတိုး ပိုလျော့လုပ်ရတာပါ။ ဟိုနေ့ကပြောသလို ဇင့်သောက်ပြီး အိပ်ရာက မထနိုင်ဘူးဆိုတာမျိုးအခြေအနေအထိ ရောက်သွားတာ မတရားများနေပြီဆိုတဲ့သက်သေပါ။ လူနာ အန္တရာယ်များပါတယ်။

အွန်လိုင်းကနေ ဆရာကြီးလိုလိုနဲ့ ဟိုဟာဘယ်လောက်သောက် ဒီဟာဘယ်လောက်သောက်ဆိုပြီး ဆေးညွှန်းကြီး လူတိုင်းတူတူ ညွှန်းတာမျိုး ဘယ်တော့မှ လုပ်မရပါဘူး။ ပိန်တယ်ဝတယ် အောက်ခံရောဂါရှိတယ် ဘာမှမသိဘဲ တူတူစွတ်ပေးရင် ပြဿနာတက်လို့တက်မှန်းမသိဘဲ ဒုက္ခများတတ်ပါတယ်။ အဲ့လိုညွှန်းတဲ့သူများဟာ Ethic ကျင့်ဝတ်မရှိသူများ၊ ဆေးများများ ရောင်းစားချင်တဲ့သူများလို့ပဲ ပြောချင်ပါတယ်။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page