ကမာရွတ်မှာ မြို့နယ်ကျော်ခွင့် ပြန်လည်တင်းကြပ်၊ ခွင့်ပြုချက် မရှိတဲ့ကားများကို ပြန်လှည့်ခိုင်း
ကမာရွတ်မှာ မြို့နယ်ကျော်ခွင့် ပြန်လည်တင်းကြပ်၊ ခွင့်ပြုချက် မရှိတဲ့ကားများကို ပြန်လှည့်ခိုင်း
စည်းကမ်းလိုက်နာမှု လျော့နည်းလာလို့ဆိုပြီး ရန်ကုန်၊ ကမာရွတ်မြို့နယ်မှာ စည်းကမ်းတွေ ပြန်တင်းကြပ်လာပါတယ်။
Stay Home အဖြစ်ကနေ မပယ်ဖျက်သေးတဲ့ ကမာရွတ်မြို့နယ်မှာတော့ လမ်းမကြီးတွေပေါ်မှာ ခွင့်ပြုထားတဲ့ကိစ္စတွေအတွက် မဟုတ်ဘဲ တခြားကိစ္စကြောင့် သွားလာနေတဲ့ကားတွေကို ဒီနေ့ကစပြီး မြို့နယ်ထဲအဝင်မခံဘဲ ပြန်လှည့်ခိုင်းနေပါတယ်။
ဒီနေ့မွန်းလွဲပိုင်းအထိတော့ ဗဟိုလမ်း၊ ရွာမကွေ့နားမှာ ပြန်လှည့်ခိုင်းတဲ့ကားအစီးရေ(၁၀၀)လောက်ရှိသွားပါပြီ။
ဒါ့အပြင် ကျောက်တံတားမြို့နယ်မှာလည်း မဟာဗန္ဓုလပန်းခြံမှာ လာရောက်အပန်းဖြေတဲ့သူတွေနဲ့ လူစုလူဝေးတွေဖြစ်ပေါ်ခဲ့တာကြောင့် ဒီနေ့မနက်မှာပဲ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ပါတယ်။