နိုင်ငံတော်နဲ့ ကံ့ကော် (လူတွေ သိပ်မသိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခံစားချက်တခု)

နိုင်ငံတော် နှင့် ကံ့ကော်

တချို့လည်း သိချင်သိမယ် တချို့လည်း မသိသေးလို့ ရှိချင်ရှိမယ်ပေါ့ဗျာ ကျနော် မမျှော်လင့်ပဲ သိလိုက်ရတာလေး တခု

ကျနော်တို့ “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” အောင်နိုင်ရေးကား ရိုက်ရမယ်ဆိုတဲ့အချိန်မှာ အမေစု စိတ်လေးတခုကို သိခွင့်ရလိုက်ရတဲ့အကြောင်း ၊ အတိုချုပ်ပေါ့ဗျာ။

ကားရိုက်ဖို့ ဇာတ်လမ်းကို အမေစုက ချပေးပါတယ်၊ ကြည့်ပြီးတဲ့သူတွေ အားလုံး သိတဲ့အတိုင်းပေါ့ဗျာ။ မိသားစု တစုမှာ သားသမီး မြေးများ တယောက်တမျိုးစီ ယုံကြည်မှုတွေ ကွဲနေချိန်မှာ အဖေကြီးက အားလုံးရဲ့ အမေကြီးအတွက် အမှတ်တရ စိုက်ပျိုးလာတဲ့ ကန့်ကော်ပင်လေးကို ပမာထားပြီး သားသမီးများကို နားလည်အောင် ဆုံးမပဲ့ပြင်ပေးနိုင်ခဲ့တဲ့ အခန်းပေါ့ဗျာ ၊

ဒီနေရာမှာ အမေစုဟာ ကန့်ကော်ပင်ကို ဘာလို့ ရွေးချယ် အသုံးပြုစေခဲ့ခြင်းလဲ ဆိုတာ ကျနော်တို့ ဖန်တီးသူများ တော်တော် နောက်ကြောင်း လိုက်ရတာပါ ၊ သူမဟာ ဘယ်တခုခုကိုမှ အလကား ပေါ့ပေါ့တန်တန် လုပ်လေ့မရှိသူလေ ၊ ဒီအပင်ကလည်း ဇာတ်အတွက် အရေးပါတဲ့ မှန်ကန်သော ဥပမာများညွှန်းရမှာ ဖြစ်တဲ့အတွက် ကျနော်တို့အားလုံး အရင်ဆုံး အဲ့ဒီ ကံ့ကော်ပင်ရဲ့ အခန်းကဏ္ဍ နဲ သမိုင်းကြောင်းများကို လိုက်ရတာပေါ့။

ဘယ်လို စိုက်ရတယ် ဘယ်လို ပျိုးရတယ် ဘယ်အချိန် မြေပေါ် ရွှေ့ရတယ် ရေလောင်းပေါင်းသင် ဘယ်လိုပြုစုရတယ် ဘယ်လို ပိုးမွှားအန္တရာယ်တွေ ကာကွယ်ရတယ် အသက်ဘယ်လောက်ဆို ဘယ်အရွယ်လောက်ရောက်တယ် ဘယ်လို ပြန်ဂရုစိုက်ရတယ် နှစ်ကြာလာတာနဲ့အမျှ တဖြေးဖြေးလက်လွှတ်လို့ရတယ်

နောက်ပိုင်းတော့ ခိုင်မာရင့်သန် မာကြောသော သက်ရှည်ပင်ကြီး တပင် ဖြစ်သွားတယ် နှစ်စဥ်ပဲ မွှေးပျံ့တဲ့ ချစ်စဖွယ် အဖူးအပွင့်တွေ ဝေတယ် ဘုရားတင်တယ် ခေါင်းမှာ ပန်ကြတယ် မွှေးပျံ့ သင်းကြိုင် အားလုံးနှစ်ခြိုက်စရာပါပဲ ၊ ဒီပန်းလေးတွေကို တစုတပေါင်းတည်း နိုင်ငံ့ အမှတ်တရ အဖြစ် အဓိပတိလမ်းကြီးမှာ မြင်နိုင်တယ် တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေရဲ့ အသည်းနှလုံးပါပဲ ကံကော်တန်းနဲ့ အဓိပတိလမ်းလေ

ဒီကံ့ကော်ပင်တွေမှာ ရာဇဝင်တွေ သမိုင်းတွေ အများကြီးရှိခဲ့တယ် ဒါဏ်ရာတွေလည်း အများကြီး ပေကျံခဲ့တဲ့ သွေးကွက်တွေလည်း အများကြီး ဘက်နက်ဒါဏ်ရာ စစ်ဖိနပ်ဒါဏ်ရာတွေရော ခေတ်အဆက်ဆက် သူခံခဲ့ရတယ်တယ်၊

ဒါပေမဲ့ အဲဒီ ဒါဏ်ရာဒါဏ်ချက်တွေကို နှစ်ပေါင်းများစွာ သူတောင့်တောင့်ခံရင်း ဒီနေ့ဒီချိန်အထိ သူ့တာဝန်သူ ကျေနေခဲ့တုန်းပဲ ကံကော်ပန်းလေးတွေ နှစ်တိုင်း ဝေနေတုန်း ပါပဲ ၊ မွှေးကြိုင် သင်းထုံ ပန်ဆင်နေကြရတုန်းပဲ ။ မာကြော ခန့်ညား သစ်လွင် လန်းဆန်းတဲ့ ခွန်အားသစ်တွေ ပေးနေတဲ့ ကံ့ကော်ပန်းလေးတွေ ပါပဲ ။

အခုမှ ကျနော်တို့ စနစ်တကျ သိလိုက်ရပါတယ်၊ နောက်ဆုံးမှ အမေစုပြောတာ သူဟာကံကော်ပန်းကို အနှစ်ခြိုက်ဆုံးပါတဲ့ဗျာ။

နိုင်ငံတော် နှင့် ကံ့ကော် (သို့) အမေစု နဲ့ ကံ့ကော်
(မိုက်တီး )

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page