လမ်းပေါ်လဲနေတဲ့သူကို ကူညီပေးမိလို့ ဒုက္ခရောက်သွားတဲ့ ကြည့်မြင်တိုင် ကမ်းနားစျေးက လုပ်သားကြီးတစု
ကြည့်မြင်တိုင် ကမ်းနားစျေးနား လမ်းဘေးမှာ လဲနေတဲ့ လူနာကို ကားပေါ် ဝိုင်းတင်ပေးခဲ့ကြတယ်။ ဆေးရုံရောက်တော့ လူနာ ဆုံးသွားလို့ စစ်တော့ အဖြေက Positive တဲ့။ Positive ဆိုတော့ ထိစပ်သူ Q ဝင်ပေါ့။ ဒါနဲ့ပဲ မပြောမဖြစ် ပြောလိုက်ရတယ်။ ငါ့ညီတို့ Q ဝင်ရမယ်လို့။
ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်တဲ့ ကျွန်တော်တို့ ကူညီခဲ့တာပဲ။ ဝင်ဆိုလည်း ဝင်ပါ့မယ်တဲ့။ မျက်နှာတွေတော့ မကောင်းကြဘူး။ အဲဒါနဲ့ စီစဥ်ပေးစရာ ရှိတာတွေ စီစဥ်ပေးပြီး ကျွန်တာ်ပြန်ခါနီးကျမှ တိုးတိုးလေး ပြောတယ်။ အစ်ကိုတဲ့ ၁၄ ရက်ဆိုလည်း ၁၄ ရက်နေပါမယ်တဲ့။ ကျွန်တော့်ကို တခု ကူညီပေးပါအစ်ကိုတဲ့။
ရွာက သမီးနဲ့ မိန်းမကို အိမ်စရိတ် လွှဲပေးနေခဲ့ရတာ။ အခုဘယ်လောက်ကြာမယ် မသိလို့ သူတို့ စားဖို့ စရိတ်ပြတ်ရင် ဆန်ဖိုးလေး နည်းနည်း လှူပေးပါလားတဲ့။ ကျွန်တော် ကတိပေးခဲ့လိုက်ပါတယ်။ စိတ်ချ ညီလေးလို့……။
ဒီနေ့တော့ စိတ်မကောင်းခြင်း များစွာဖြင့်