ယနေ့ ရန်ကုန်မြို့လယ် ကန်တော်ကြီးပန်းခြံအနေအထား (ကိုဗစ် ပြီးသွားကြပြီလား?)

ယနေ့ ရန်ကုန်မြို့လယ် ကန်တော်ကြီးပန်းခြံအနေအထား (ကိုဗစ် ပြီးသွားကြပြီလား?)

မီဒီယာတွေက အထောက်အထားတွေနဲ့ တင်ပြနေပေမဲ့လည်း ထိရောက်တဲ့ အရေးယူမှုတွေမရှိတဲ့ အပြင် ကိုယ်ချင်းစာတရားမရှိကြတဲ့ သူတွေရဲ့အပြုအမူတွေဟာ တဖက်အဖွဲ့အစည်းကို စော်ကားသလိုဖြစ်နေတယ်လို့ပဲ ပြောရမှာပါ။

ဆေးရုံတွေမှာ စင်တာတွေမှာ ကူးဆက်ခံလူနာတွေနဲ့ နပန်းလုံးနေရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လူမှုအဖွဲ့အစည်းက လူတွေဟာ သူတို့မိသားစုတွေနဲ့ ကင်းကွာပြီး စင်တာတွေမှာ နေ့ညမပြတ် ကူညီဆောင်ရွက်ပေးနေကြတာ ၁နှစ်ပြည့်လုနီးပါး ရှိနေကြပါပြီ။

ကိုယ်ချင်းစာတရားလေးရှိပြီး လူဆိုတဲ့စိတ်ကလေး မွေးကြပါ ၊ကိုယ့်အိမ်မှာကို ခဏလောက်နေပေးကြပါ၊ သက်ဆိူင်ရာတွေကလည်း ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ရဲရဲတင်းတင်းလုပ်ပေးပါလို့ ပြောချင်တယ်ဗျာ။

ဒီကနေ့ ကန်တော်ကြီးထဲက အနေအထားပါ။ ၆.၁၂.၂၀၂၀

Dae De

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page