စစ်ကိုင်းတိုင်းအစိုးရ အစီအစဥ်နဲ့ ကိုဗစ်အမြန်စစ် ကိရိယာတွေ ရောင်းချမှု ဥပဒေနဲ့ ညီရဲ့လား?

စစ်ကိုင်းတိုင်းအစိုးရ အစီအစဥ်နဲ့ ကိုဗစ်အမြန်စစ် ကိရိယာတွေ ရောင်းချမှု ဥပဒေနဲ့ ညီရဲ့လား?

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်နိမိတ်ဝင်ပေါက်များတွင် ကုန်တင်ယာဥ်မောင်း/ယာဥ်နောက်လိုက်များ၊ အကျဥ်းကျသူများ၊ လုပ်ငန်းခွင်သို့ဝင်ရောက်မည့် စက်ရုံ/သတ္တုရှာဖွေရေး အလုပ်သမားများ၊ လူနာနှင့်အနီးကပ်ထိတွေ့သူများ နှင့် ပြည်တွင်း/ပြည်ပမှ တိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာသူများအား စစ်ဆေးနိုင်ရန် ခရိုင်/မြို့နယ်များသို့ RDT Test Kit များ ဖြန့်ခွဲထောက်ပံ့ထားသော်လည်း

အချိန်နှင့်တပြေးညီ လက်ခံရရှိမှုမရှိသဖြင့် RDT Test Kit လိုအပ်ချက်ကို တိုင်းဒေသကြီးအစီအစဥ်ဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန တို့မှ ထောက်ခံချက်ရရှိထားသော RDT Test Kit ခုရေ (၅၀၀၀၀) ဝယ်ယူခွင့်ကို ခွင့်ပြုမိန့်ရရှိပြီးဖြစ်ပါသဖြင့်

ကလေးမြို့နယ်အတွင်းရှိ RDT Test Kit ဝယ်ယူလိုသော မိဘပြည်သူများအနေဖြင့် Test Kit တစ်ခုလျှင် 15000/- (ကျပ် တစ်သောင်းငါးထောင် တိတိ) နှုန်းဖြင့် မိမိလိုအပ်သည့်အရေအတွက်အား ကလေးခရိုင်/မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နှင့် ကလေးမြို့နယ်မော်တော်ယာဥ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးကော်မတီ တို့မှတဆင့် 14-12-2020 ရက်နေ့ နေ့လယ် 12:00 နာရီအချိန်နောက်ဆုံးထား၍ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်သွယ်မှာယူရန် –
(၁) ဦးညီညီဇော် 09 – 255 896 599 ကလေးခရိုင်/မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ခရိုင်ရုံး) ဗိုလ်ချုပ်လမ်း၊ ပင်လုံရပ်ကွက်၊ ကလေးမြို့။

(၂) ဦးစိုးဝင်း 09 – 256 189 376 ကလေးမြို့နယ်မော်တော်ယာဥ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ကားကြီးကွင်း၊ တပ်ဦးသီတာရပ်ကွက်၊ ကလေးမြို့။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page