သင်သိပါသလား (ကုတင်နေရာလည်း မရှိ၊ ဆရာဝန်ဆရာမတွေ အင်အားလည်း မရှိ‌တော့ဘူးဆိုတာ)

သင်သိပါသလား (ကုတင်နေရာလည်း မရှိ၊ ဆရာဝန်ဆရာမတွေ အင်အားလည်း မရှိ‌တော့ဘူးဆိုတာ)

သင်သိပါသလား – အနံ့မရ ဖျားနာတာကို ဆေးရုံကို လာပြရင် သွေးပေါင်ချိန် အောက်စီဂျင်တိုင်းပြီး ကောင်းနေရင် Fever clinic ကို ပြန်လွှတ်တာ ကုတင်နေရာ မကျန်တော့လို့ပါ

သင်သိပါသလား – ဖျားတယ်မောတယ်ဆိုလို့ အောက်စီဂျင်တိုင်း ဓာတ်မှန်ရိုက် ECG ဆွဲ အားလုံးကောင်းနေရင် ဆေးရုံမတင်ပဲ Fever clinic ကို ပြန်လွှဲတာ ကုတင်နေရာမကျန်တော့လို့ပါ

သင်သိပါသလား – ကုတင်နေရာရရင်တောင် အောက်စီဂျင်ကုတင်တစ်နေရာစာအတွက် ဆရာဝန်တွေ ရန်ဖြစ်နေကြတာ ကုတင်နေရာမကျန်တော့လို့ပါ

သင်သိပါသလား – အထူးကြပ်မတ်ဆောင်မှာ အထူးကုသသင့်တဲ့ လူနာမှန်း သိသိကြီးနဲ့ ရိုးရိုးသံသယလူနာဆောင်မှာ အောက်စီဂျင်ပဲ ပေးပြီး ဖုန်းတွေပဲ ထိုင်ဖြေပေးနေရတာ ကုတင်နေရာမကျန်တော့လို့ပါ။

သင်သိပါသလား – ကုတင်နေရာတွေ အောက်စီဂျင်တွေ ရှိလာမယ်ဆိုရင် သေချာဆက်မလုပ်ပေးနိုင်တော့ဘူးဆိုတာ ဆရာဝန်ဆရာမအင်အားက နဂို Covid မဖြစ်ခင်ကတည်းက မပြည့်စုံလို့ အခုဆို ပိုမရှိတော့လို့ပါ

​သင်သိသင့်ပါပြီ – ပြည်သူတွေလည်း သိသင့်ပါပြီ ပြည်သူတွေ ထူအလို့ မသိရင်တောင် ကမအဝသိသင့်ပါပြီ။ ရှိသမျှ လူနာအကုန် contain လုပ်မယ့်အစား ကောင်းတဲ့လူနာတွေ အိမ်ပြန်လွှတ်ပြီး မကောင်းမယ့် လူနာတွေကိုပဲ ဖိဖိစီးစီးနဲ့ ကုမယ့် နည်းလမ်းကို တင်ပြပါရစေ။

ကောင်းတဲ့ လူနာတွေကို အိမ်ပြန်လွှတ် အိမ်မှာပဲ ရပ်ကွက်အခြေပြု စောင့်ကြည့်ခြင်းအားဖြင့် Q centre တွေ Covid centre တွေက ကျန်းမာရေးဝန်ထမ်းတွေ ပိုထွက်လာတဲ့အခါ ဆေးရုံတွေမှာ တကယ်ကို သေချာကုဖို့ လိုနေတဲ့ လူနာတွေအတွက် လူအင်အား ပြန်ရလာမှာပါ။

သင်သိပါသလား – ကုတင်နေရာ မရှိတော့ပါ။ ဆရာဝန်ဆရာမ မရှိတော့ပါ (Fever PUI duty ကျတိုင်း ကုတင်မရှိတော့ပါဆိုတဲ့ စကား မုန်းနေရပါပြီ)

Zaw Thiha

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page