ပရိသတ်တွေကို ကတိ အကြီးကြီး တခု ပေးလိုက်တဲ့ ထက်ထက်မိုးဦး

ပရိသတ်တွေကို ကတိ အကြီးကြီး တခု ပေးလိုက်တဲ့ ထက်ထက်မိုးဦး

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စိတ်ဖိစီးမှုများနဲ့ အဆင်မပြေမှုများကြောင့် ပြောမှားဆိုမှား ရှိခဲ့ရင် ပရိသတ်များ နားလည်ပေးကြဖို့ လိုက်ဖ် တခုမှာ ငိုရင်း ပြောဆိုခဲ့ပါတယ်။

ပရိသတ်တွေက ထက်ထက်မိုးဦးကို မငိုဖို့ အားပေးခဲ့ကြပြီး နောက်ထပ် မငိုတော့ဘူးလို့ ထက်ထက်မိုးဦးက ဆိုပါတယ်။

“ထက် မငိုတော့ဘူးနော်။ ပရိသတ်တွေက ထက်ကို မငိုပါနဲ့တော့တဲ့။ ချစ်စရာကောင်းပြီး ပြုံးပြုံးလေးနေရမယ်နော်တဲ့။ ထက်လည်း ဘယ်ငိုချင်ပါ့မလဲ။ ဒါပေမဲ့ ထက်ရဲ့ ဘဝမှာ အချိုးအကွေ့တွေ များလွန်းတယ်။ ငိုတခါ ရယ်တလှည့်နဲ့ တခါတလေ ကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ”

“ဒီအကယ်ဒမီရုပ်လေး ၂ ရုပ် ပြန်ကြည့်မိတိုင်း အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ပရိသတ်တွေ အများကြီးရှိတယ်ဆိုပြီး တွေးလိုက်ရင် အားတွေ ရှိသွားရော။ အနုပညာသက်တမ်း နှစ် ၃၀ ကျော်လုံး ထက်ဘေးမှာ အမြဲတမ်း ရှိနေပေးခဲ့တာ အကယ်ဒမီရုပ် ၂ ရုပ်နဲ့ ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်း လက်ခံပေးနေတဲ့ ပရိသတ်ပဲ။ ထက်မှာ ဘာမှ ပိုင်ဆိုင်မှုတွေ မရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေ ရှိနေတယ်လေနော်။ ဒါက ဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့”လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။

ဆက်လက်ပြီး ထက်ထက်မိုးဦးက “ထက်လည်း အခုထက် ပိုကြိုးစားမယ်နော်။ ထက်ကိုလည်း ပိုချစ်ပေးကြပါ။ထက် ကြော်ငြာတာတွေကိုလည်း အားပေးကြပါ”လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page