ဖြစ်ခဲ့သမျှ ကမ္ဘာစစ်တွေထက် ပိုကြာရှည်မယ့် ကိုဗစ်ကမ္ဘာစစ်ကြီး

ကိုဗစ် ကမ္ဘာစစ်

စစ်ပွဲဟာ ရှည်ကြာမယ့် သဘော ဆောင် လာပါပြီ ။ စစ်ရဲ့ သဘောသဘာဝ အရ အခြေ အနေ တွေ ဟာ နေ့ချင်း ည ချင်း ပြောင်းနေပါတယ် ။

ကာကွယ်ဆေး နဲ့ လက်မ ထောင် နေတဲ့ အဂ်လန် ဟာ ညတွင်းချင်း ပဲ ပိတ်ဆို့ ခံ ဘဝ ရောက် သွားတယ် ။ အချို့က ဥရောပ က ခွဲထွက် လို့ ကျန် အီးယူ နိုင်ငံတွေ က ပညာပြန် ပေးတာ တဲ့ ။ ဒါလည်း မဖြစ်နိုင်ဘူး လို့ မပြောနိုင်ဘူး ။

စစ်ပွဲကြာလာလေ ၊ ရန်သူ ဟာ နည်း ဗျူဟာ အသစ်တွေ လက်နက် အသစ် တွေ နဲ့ တိုက်ခိုက် လာနိုင်လေ ပါပဲ ။ အခုဆို ပွားနှုန်း မြင့် ဗီဇ ပြောင်း ပိုး ကို ကိုဗစ် က တပ်ဆင် လိုက်ပြန် ပါပြီ ။ ဖြစ်နှုန်း များလေ ၊ ကာကွယ်ဆေး က နောက်က လိုက်လို့ မမှီ တဲ့ သဘော ဆောင် လာပါတယ် ။ အဲ့ဒီ ကာကွယ်ဆေး ကရော ဗီဇ ပြောင်း ပိုး ကို နိုင်ပါ့မလား ၊ တွေးပူစရာ ပါပဲ ။

စစ်ဆိုတာ အသက်လု ကြတဲ့ ပွဲပဲ ။ တင် ကျန်ရစ် ဖို့ ကြိုးစားရတယ် ။ စစ်ပွဲ ကြာလာတာနဲ့ အမျှ ကိုယ့်အချင်း ချင်း စည်းလုံးမှု တွေ ပျက်လာတယ် ။ ကိုယ် ရှင်ကျန်ရစ်ဖို့ အခြားလူကို မစာနာ နိုင်တော့ဘူး ။ အခု အီးယူ နဲ့ အဂ်လန် ဖြစ်ကြတာ အဲ့ဒါ မျိုးပဲ ။

အဲ့ဒီ အီးယူ နိုင်ငံ တွေ မှာရော ဗီဇ ပြောင်း ပိုး မရှိနိုင်ဘူးလား ။ မကြာခင် အဖြေ ပေါ်လာ ပါလိမ့်မယ် ။ အခု ထိုင်းမှာလည်း အခြေအနေ မကောင်းပါဘူး ။ ဈေးတွေ ပိတ် ၊ ကျောင်းတွေ ပိတ် လုပ်လာရ ပါပြီ ။ ထူးခြားတာ က ပိုးတွေ့ အများစု ဟာ ထိုင်း ရောက် မြန်မာတွေ တဲ့ ။ စဥ်းစားစရာ ပါပဲ ၊ လှည့်ကွက် လား ၊ ချ နင်းတာလား ဆိုတာ တွေးစရာ ဖြစ် လာပါပြီ ။

စစ်ဆိုတော့ ချ နင်းတာတွေ ၊ ထိုးကျွေး တာတွေ ရှိနိုင်တာ ပါပဲ ။ ကျနော် တို့ စည်းလုံး ဖို့လိုတယ် ။ တစ်ယောက် နဲ့ တစ်ယောက် အပြစ် မဖို့ ဖို့ လိုတယ် ။ တစ်ယောက် ကို တစ် ယောက် ထိန်းပေးကြ ဖို့လိုတယ် ။ စစ်ပွဲ ကြာလာ နိုင်တာ မို့ အသုံးအစွဲ တွေ စိစစ် ဖို့လိုတယ် ။

သူများတွေ ရွှေငွေ ကျောက်သံ ပတ္တမြား ဝယ်ရောင်း နေကြတာ ကို နတ်ကရာ ကျီးမော့ မလုပ် ကြတော့ပဲ ငွေ ကိုင် ထားဖို့ လိုတယ် ။ ကျန်ဈေးတွေ ၊ ဆိုင်တွေ ၊ မရှိမဖြစ် ပစ္စည်းတွေ ပုံမှန် အရောင်း အဝယ် ဖြစ်ဖို့ လိုတယ် ။ စစ်ပွဲ ကြားမှာ လက်နက် တပ်ဆင်ပြီး ပုံမှန် ဘဝ ကို ထူထောင် ဖို့ လိုတယ် ။

ကာကွယ်ဆေး ကို မျှော်တာ လည်း မျှော် ပေါ့ ။ အဓိက လက်နက် ကတော့ mask တပ်ကြပါ ။ လက်ဆေး ပါ ။ ခပ် ခွာခွာ နေပါ ။ တစ်ယောက် နဲ့ တစ်ယောက် ၊ ဒါတွေ လုပ်ကြ ဖို့ သတိပေးပါ ။ mask မတပ် သူ ကို ထိရောက် တဲ့ အပြစ် ပေးဖို့ အစိုးရ က လုပ်ဖို့ လိုပါတယ် ။

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page