ကိုဗစ်လူနာတွေနဲ့ ၁၄ ရက်လုံး တခန်းထဲ အတူနေပေမယ့် ကိုဗစ်လုံးဝ မကူးခဲ့တဲ့လူ (ကမ္ဘာ့စံချိန်ပါ တင်နိုင်လောက်ပါတယ်)
ကိုဗစ်လူနာတွေနဲ့ ၁၄ ရက်တိတိ တခန်းထဲ အတူနေရပေမယ့် ကိုဗစ်လုံးဝ မကူးစက်ခဲ့တဲ့လူသား (ကမ္ဘာ့စံချိန်ပါ တင်လောက်ပါတယ်)
ကိုဗစ်ကာလမှာ ကမ္ဘာ့စံချိန်တင်လောက်တဲ့ မြန်မာနိုင်ငံက လူသားတဦး ပေါ်ထွက်လာပါပြီ။ သူ့ကြည့်ရတာ မြွေဆိပ်ပြီးသလို ကိုဗစ်ကို ပြီးနေတဲ့ ပုံစံမျိုး၊ ကူးစက်လူနာတွေနဲ့ တခန်းထဲ ၁၄ ရက်တိတိ နေခဲ့တယ်ဆိုတော့ တကွေမဟုတ် တကွေ့ကတော့ ကူးနိုင်တဲ့အခြေအနေ ရှိပေမယ့်လည်း လုံးဝ မကူးခဲ့ပါဘူးတဲ့။ မူရင်းတင်ထားတဲ့အတိုင်း အောက်မှာ ဖော်ပြ လိုက်ပါတယ်-
“ပိုးရှိသူ အဖေ နဲ့ အတူ လိုက်ပါပြီးပြုစုခွင့်ရဘို့ ပိုးရှိ လူနာ ၁၉ ဦးရှိတဲ့ ဖေါင်ကြီး ကိုဗစ် လူနာဆောင်မှာ ၇၅ နှစ် ရှိ လမ်းမလျှောက်နိုင်တဲ့အဖေ၊ အမော ဖေါက်နေတဲ့အဖေ၊ ကိုဗစ် ရောဂါသည် အဖေကို ပြုစုရင်း ၁၄ ရက် တိတိ PPE ဝတ်စုံ မဝတ်ဘဲ လူနာ ၁၉ ဦးနဲ့အတူ နေခဲ့ သော်လည်း ကိုဗစ် ပိုးကူးစက်မခံရသူ”
Thein Htoon