ခရမ်းလွန်ရောင်ခြည်ဖြင့် ကိုဗစ်ကို သတ်ခြင်းနှင့် စျေးကွက်ထဲက ဂျင်းမီးအိမ်များ

UVC ခရမ်းလွန်ရောင်ခြည်ဖြင့်ပိုးသတ်ခြင်း။

Covid-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးကိုသတ်ဖို့ UVC lamp မီးအိမ်တွေဈေးကွက်မှာပေါ်လာပါတယ်။

အရေးအကြီးဆုံးအချက်ကိုအရင်ပြောပါမယ်။ သီအိုရီကို နောက်မှရှင်းပြပါမယ်။

Covid စဖြစ်ကာစမှာ တရုတ်ပြည်ရှန်ဟိုင်းက Bus ကားကုမ္ပဏီက ကားတွေကို UVC အလင်းရောင်ပေးထားတဲ့ အခန်းကြီးထဲမောင်းသွင်းပြီး ငါးမိနစ်ကြာထားကာ ပိုးသတ်ပါတယ်။

လုံးဝပိုးမသေပါခင်ဗျား။

UVC မီးအိမ်ကို #ဆေးရုံအခန်းကိုပိုးသတ်မယ်ဆိုပြီး ဒီအတိုင်းသွားချထားရင် #ပိုးအကုန်မသေပါဘူး။

👉 မီးအိမ်နဲ့ တစ်မီတာအကွာမှာကပ်ပြီး ၁၈ မိနစ်ထားမှပိုးသေပါတယ်။ ဒါတောင် UVC နဲ့တိုက်ရိုက်မထိတွေ့တဲ့ ချောင်ကြိုချောင်ကြားတွေမှာပိုးမသေပါဘူး။

👉 💵 ပိုက်ဆံဆိုရင် ထပ်ထားရင်အတွင်းဘက်မျက်နှာပြင်တွေမှာ ပိုးမသေပါဘူး။

👉 လေထဲက air-borne ပိုးကိုသတ်ရင် ပိုးသတ်အားကောင်းပါတယ်။

ကဲ … လက်တွေ့ကျတဲ့တွက်ချက်မှုကိုကြည့်ရအောင်။

Smart Air ရဲ့သုသေသနအရ ဈေးကွက်ထဲမှာ 0.7 W အလင်းစွမ်းအင်ရှိတဲ့ UVC မီးအိမ်တွေများပါတယ်။

အဲ့ဒီ မီးအိမ်နဲ့ တစ်မီတာအကွာအဝေးမှာထားရင် ကိုယ်ပိုးသတ်မယ့်မျက်နှာပြင်ရဲ့ ဧရိယာ ၁ စင်တီမီတာမျက်နှာပြင်ဧရိယာပေါ်ကျရောက်တဲ့အလင်းရိုက်အားက 70 micro W ရှိပါတယ်။

(၁၈) မိနစ်အကြာအဲ့လိုထားရင် Covid ပိုး 99.9% သေပါတယ်။

အကယ်လို့ မီတာဝက်အကွာမှာထားရင် ၅ မိနစ်ဆိုရင်ပိုးသေပါတယ်။ #သဘောကပိုနီးလာလို့အလင်းပြင်းအားပိုလာလို့ပါ။ ပုံမှာကြည့်ပါ။

ဂျပန်နိုင်ငံကသုသေသနတစ်ခုကိုပြောပြပါမယ်။

UVC မီးအိမ်ကို ပိုးသတ်မယ့်မျက်နှာပြင်နဲ့ ၂ စင်တီမီတာအကွာမှာကပ်ထားကြည့်ပါတယ်။

👉 သူတို့ရဲ့သုသေသနအရ Covid ပိုးသေဖို့လိုအပ်တဲ့ အလင်းစွမ်းအင်ဟာ 75mJ/cm2 ပါ။ 👈

၁ စင်တီမီတာပတ်လည်မျက်နှာပြင်ဧရိယာအပေါ်ကျရောက်မယ့် အလင်းစွမ်းအင်သည် 75 mJ ရှိရမည်။

အဲ့လိုရှိမရှိ sensor နဲ့တိုင်းပါတယ်။ sensor မှာ ၁ စင်တီမီတာပတ်လည်မျက်နှာပြင်ဧရိယာအကွက်လေးပါပါတယ်။ ဒါကြောင့် 1 cm2 standard တွေဖြစ်ကုန်တာပါ။

UVC မီးအိမ်ရဲ့အလင်းက 3.75 mW/cm2 ရှိပါတယ်။ စက္ကန့် ၂၀ နဲ့မြှောက်ရင် 75mJ/cm2 ရပါတယ်။

ဒါက ၂ စင်တီမီတာအကွာမှာကပ်ပြီးထားလို့ပါ။ အကယ်လို့ ၂ မီတာသာဆိုရင် အလင်းစွမ်းအားအလွန်လျော့သွားလို့ အကြာကြီးထားရပါမယ်။

ပြဿနာက ကိုယ်ဝယ်မယ့်မီးအိမ်တွေမှာ ဘယ်လောက်အလင်းစွမ်းအားရှိတယ်ဆိုတာမပါပါဘူး။

👉 ဒါကြောင့် ကျနော်တို့က ဈေးကွက်ထဲမှာ အတွေ့ရများတယ်ဆိုတဲ့ 0.7 W ကို အခြေခံတွက်ရတာပါ။

ကဲ … သီအိုရီအပိုင်းနည်းနည်းဖြည့်စွက်ပါမယ်။

SARS-CoV-2 ဗိုင်းရပ်စ်ပိုးကို #တကယ်သေစေဖို့ အောက်ပါအချက်အလက်တွေအပေါ်မူတည်ပါတယ်။

(၁) UV အလင်းလှိုင်းအလျား။

* ခရမ်းလွန်ရောင်ခြည်မှာ A B C ဆိုပြီး လှိုင်းအလျားခွဲခြားပါတယ်။

UVA က 315 – 400 nm

UVB က 280 – 315 nm

UVC က 100 – 280 nm လှိုင်းအလျားရှိပါတယ်။ UVC ကအလျားတိုတဲ့အတွက် energy ပိုများလို့ Covid ဖြစ်စေတဲ့ ပိုးရဲ့ RNA မှာ photoproducts တွေဖြစ်စေပြီး ပိုးကိုသေစေနိုင်ပါတယ်။

Pyrimidine dimer တွေဖြစ်စေပြီး Carbon double bonds တွေကို ပြဿနာပေးတာပါ။

* ဒါကြောင့် ဈေးကွက်ထဲမှာ UVC lamp လို့ “C” တစ်လုံးပိုပြီးရောင်းကြတာပါ။

ဒါ့ကြောင့် 100 – 280 nm ရှိတဲ့ မီးအိမ်ဖြစ်ရပါမယ်။

(၂) ၁ စင်တီမီတာမျက်နှာပြင်ဧရိယာပေါ်ကျရောက်တဲ့အလင်းရိုက်အား။

* တိုင်းတဲ့စက်မရှိရင် မသိနိုင်ပါ။ ကျနော်ပြောတဲ့ 0.7 W ပဲ မျက်စိမှိတ်ယူဆထားရပါမယ်။

တစ်ချို့ brand တွေမှာ Model အလိုက် intensity at 15 cm အကွာအဝေးမှာ 3000 micro W/cm2 ဆိုပြီး ဒေတာပါပါတယ်။

အဲ့ဒါမျိုးရှာဝယ်နိုင်ရင်ကိုယ်က 75mJ/cm2 ရအောင်ပေးရမယ့် အချိန်ကိုတွက်လို့ရသွားပါမယ်။

(၃) UVC အလင်းရောင်ပေးတဲ့ကြာချိန်နဲ့ မျက်နှာပြင်နီးကပ်မှု။

* ကြာကြာထား၊ မီးအိမ်နဲ့ နီးနီးထားရင်ပိုကောင်းပါတယ်။

(၄) UVC အလင်းရောင်နဲ့တိုက်ရိုက်ထိတွေ့မတွေ့။

* မျက်နှာပြင်တွေ အကုန်ထိတွေ့အောင်လှည့်ပေး။

(၅) UVC lamp အစစ်ဟုတ်မဟုတ်။

* Philips လိုစိတ်ချရတာရှာသုံးရင် ပိုကောင်းပါတယ်။

အဲ့ဒီအချက်တွေအားလုံးအကျုံးဝင်ပါတယ်။

ပိုကောင်းတဲ့လှိုင်းအလျားဟာ Far-UVC လို့ခေါ်တဲ့ 222 nm ပါ။

အဲ့ဒီလှိုင်းအလျားမှာ လူရဲ့တစ်ရှုးတွေကိုလည်းဒုက္ခမဖြစ်စေပဲ လေထဲကပိုးကိုသေစေပါတယ်တဲ့

ဆေးခန်းတွေမှာ ထွန်းလို့ကောင်းပါမယ်။

💡 UVC မီးအိမ်မှာ ozone ပါမပါဘာကွာလဲ❓

UVC အလင်း 185 nm မှာ UVC အလင်းဟာ ကျနော်တို့လေထုထဲက အောက်ဆီဂျင် O2 ကို အိုဇုန်း O3 အဖြစ်ပြောင်းပေးပါတယ်။

အဲ့ဒီအပြင် Ozone lamp တွေဟာ VOC Volatile organic compounds တွေဖြစ်တဲ့ mercaptans, sulfides, ammonia တို့ကိုပါလေထဲမှာ ဖြစ်စေတဲ့အတွက် အဲ့ဒီမီးအိမ်တွေကိုသုံးရင် ချောင်ကြိုချောင်ကြားမှာပါပိုးသေစေနိုင်ပါတယ်။

▪️ကောင်းကျိုးက အလုံပိတ်အခန်းကျဉ်းထဲမှာ ozone generating UVC မီးအိမ်တွေကိုထားပြီး ပိုးသတ်ရင် ရိုးရိုး UVC မီးအိမ်ထက်ပိုမိုထိရောက်ပြီး နေရာနှံ့စေပါတယ်။

ရေကို UVC နဲ့ပိုးသတ်တဲ့ရေသန့်စက်တွေမှာ ရေထဲမှာ ပိုးပိုသေစေပါသတဲ့။

▪️ဆိုးကျိုးက အဲ့လိုအခန်းထဲမှာ အောက်ဆီဂျင်နည်းပြီး VOC တွေပါရှိနေရင် ဝင်တဲ့သူကို အန္တရာယ်ရှိစေနိုင်ပါတယ်။

253 nm UVC မီးအိမ်ဟာ အောက်ဆီဂျင် O2 ကို Ozone ဖြစ်အောင် လုံလောက်တဲ့စွမ်းအင်မရှိပါ။

အဲ့ဒီတော့ UVC တွေကိုသုံးရင် သူ့ရဲ့ အလင်းပါဝါ W နဲ့ အကွာအဝေး distance အပြင် ကြာချိန် time အကုန်လုံးကိုထည့်စဉ်းစားရပါကြောင်း။

ကျနော်သိသလောက်တော့ အမေရိကန် FDA က ၂၀၂၀ ဖေဖဝါရီလ ၂၇ ရက်နေ့အထိ အဲ့ဒီ UVC မီးအိမ်တွေနဲ့ ပိုးသတ်တာကို FDA Safety Certificate အသိအမှတ်ပြုထုတ်မပေးသေးပါ။

Richard Myo Thant
31-October-2020

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page