ဂျင်းပြုတ်ရည်၊ ဗီတာမင် စီတွေ ဒီတွေနဲ့ ပျော်ပျော်ကြီး ဂျင်းထည့်ခံနေရတဲ့ ရွှေမြန်မာများ

ဂျင်းပြုတ်ရည်၊ ဗီတာမင် စီတွေ ဒီတွေနဲ့ ပျော်ပျော်ကြီး ဂျင်းထည့်ခံနေရတဲ့ ရွှေမြန်မာများ

ဂျင်းပြုတ်ရည်သောက်နေတဲ့အမျိုးတွေ ဒီရောဂါတွေရှိရင်သတိပြုကြပါ။ အမေရိက မှာနေတဲ့သူငယ်ချင်းဆရာဝန် ဆောင်းပါးပါ။

ကိုဗစ် နဲ့ ပတ်သက်တဲ့ ကြောက်စရာ အယူအဆအလွဲများ။

ဂျင်းပြုတ်ရည်ဟာ ကိုဗစ် ကာကွယ်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြချက်မရှိပါ။ အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်ရောဂါရှိသူများ လုံးဝမသောက်သင့်ပါ။ အသည်းရောင် အသားဝါ ဘီနဲ့ စီ ပိုးရှိသူများ လုံးဝ မ သောက်သင့်ပါ။

ဗီတာမင် စီနဲ့ ဒီဟာ ကိုယ်ခွံအားကောင်းစေတယ်ဆိုပေမယ့် ဒါတွေ အလွန်အကျွံသောက်ပြီး ကိုဗစ် ကာကွယ်နိုင်တယ်ဆိုတာ မဟုတ်ပါ။ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ နေ့စဉ် ဗီတာမင် စီ လိုအပ်ချက်ဟာ အမျိုးသား- ၉၀ မီလီဂရမ် နဲ့ အမျိုးသမီး ၇၅ မီလီဂရမ် ဖြစ်ပါတယ်။ အသက် ၁နှစ်-၃နှစ်ကလေးများအတွက် ၁၅ မီလီဂရမ်, အသက် ၄နှစ်နဲ့ ၈နှစ်ကြားကလေးတွေ ၂၅ မီလီဂရမ်၊ အသက် ၉နှစ်က ၁၃နှစ် ကြားကလေးတွေက ၄၅ မီလီဂရမ် ဖြစ်ပါတယ်။ ဖြည့်စွပ်ဗိုက်တာမင်အဖြစ်သောက်မယ်ဆိုလည်း လူကြီးများအတွက် တနေ့ကို ၂၀၀၀ မီလီဂရမ် ထက်ပိုသောက်ရင် အစာအိမ်နဲ့ အစာခြေအဖွဲ့အစည်းအင်္ဂါကို ထိခိုက်ပြီး ရောဂါရပါမယ်။ အစာအိမ်ရောဂါအခံရှိသူများ ပိုသတိထားရပါမယ်။ ဗီတာမင် စီ ဟာပိုလျှံတာကို ဆီးကနေစွန့်ပါတယ်။ ၄၀၀၀ မီလီဂရမ် ထက်ပိုသောက်ရင် ကျောက်ကပ်မှာ ကျောက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင် ဒီ ချို့တဲ့သူများလို့ ဖြည့်စွက်အဖြစ် သောက်ကြပေမယ့် လူတစ်ယောက်အတွက် တစ်နေ့လိုအပ်ချက်ဟာ ၆၀၀ IU ဖြစ်ပြီး ဖြည့်စွက်အဖြစ် သောက်မယ်ဆိုရင် တစ်ထောင် ၁၀၀၀ IU ကနေ နှစ်ထောင် IU ထိ သောက်လို့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ထက်ပိုရင် ဘေးထွက်ဆိုးကျိုးရမယ်။ ဗီတာမင် ဒီ ဟာ အဆီမှာပျော်တဲ့အတွက်၊ ရေမှာမပျော်လို့ ပိုလျှံတဲ့ပမာဏကို ဆီးကနေ စွန့်ထုတ်မရတဲ့အတွက် ပါးစပ်ကသောက်လိုက်တဲ့ ပမာဏက ခန္ဓာကိုယ်မှ ာလိုအပ်တာထက်ပိုရင် ခန္ဓာကိုယ်ထဲက အဆီတွေထဲ သိုလှောင်လိုက်ရော။ ဘေးထွက်ဆိုးကျိုးက သွေးထဲ ကယ်လစီယမ် တက်ပြီး ဆက်စပ်အန္တရာယ်တွေ။ အရိုးကျွတ်ဆတ်ကျိုးလွယ်တာတွေ၊ ခေါင်းမူး၊ အစာအိမ်နဲ့အူလမ်းကြောင်းအန္တရာယ်၊ ဝမ်းပိတ်ခြင်း။ ဝမ်းလျှောခြင်းနဲ့ ကျောက်ကပ်အန္တရာယ်ရှိပါတယ်။ (သီအိုရီတွေထဲမှာ အဲ့သလိုဖော်ပြထားပေမယ့် တစ်နေ့ကို ဗီတာမင် ဒီ တစ်သောင်း IU ထိ သောက်လည်း စိတ်ချရတယ်လို့ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုရင် လူတော်တော်များများဟာ ဗီတာမင် ဒီ ချို့တဲ့နေကြလို့ပါပဲ။)

ဒါတွေဘာလို့အရေးကြီးသလဲဆိုရင် ကိုဗစ်ကို တအားစိုးရိမ်ထိတ်လန့်နေကြသူတွေကို အခွင့်ကောင်းယူပြီး တနေ့ကတင် လူမှုကွန်ယက်မှာ ဗီတာမင် စီ နဲ့ ဒီ ပါတဲ့ ရိုးရိုးအားဆေးကို ကိုဗစ် ကာကွယ်တဲ့အားဆေးပါဆိုပြီး လိမ်ညာပြီး စျေးတွေအများကြီးနဲ့ရောင်းနေလို့ပါပဲ။ အင်မတန်အကုသိုလ်ကြီးတဲ့အလုပ်လို့ပဲ မြင်ပါတယ်။ သူတပါးစိတ်ပူပန်မှုကို အသုံးချပြီး လိမ်ညာ ပိုက်ဆံရှာတာမျိုးဟာ သူတောင်းစားထက်တောင် အောက်တန်းကျလွန်းလှပါတယ်။

ကိုဗစ်ကာကွယ်ဆေးဆိုတာလည်း အမေရိကန် မှာ ခုထိ မထွက်သေးပါဘူး။ စမ်းသပ်လို့လည်း မပြီးသေးပါဘူး။ ကိုဗစ် ကာကွယ်ဆေးတစ်လုံး ၃ သောင်းဆိုပြီး လိမ်ညာနေတဲ့ အောက်တန်းစား ဆေးနဲ့ပတ်သက်သူတွေလည်း မြန်မာပြည်ထဲမှာ ရှိနေပါတယ်။

ကမ္ဘာမှာ ဂျင်းပြုတ်ရည်သောက်လို့ ကိုဗစ် ကာကွယ်တယ်ဆိုတာ လုံးဝ အသိအမှတ်မပြုပါဘူး။ ဘာသက်သေမှ မရှိသေးပါဘူး။ ကြက်သူအဖြူအနီ ကိုက်စားလို့လည်း သွားတိုက်တာတောင် နေ့နဲ့ချီပြီး အနံ့မပျောက် ပါးစပ်နံရုံသာရှိမယ်။ ကိုဗစ် ကာကွယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အချက်အလက်နဲ့ အရပ်ပြောစကားများ ချင့်ချင်ယုံကြဖို့နဲ့ ပိုက်ဆံအလိမ်မခံရဖို့ ကိုယ်တိုင်သိထားတဲ့အချက်တွေကိုရေးလိုက်ပါတယ်။

အားလုံး ပူပင်ကြောင့်ကြခြင်းနဲ့ နာမကျန်းခြင်း၊ စိတ်ဆင်းရဲ၊ ငွေဆင်းရဲဘေးမှ ကင်းကြပါစေ။

NKK

Via Mal Thi

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page