ကိုဗစ်ကာလမှာ တရုတ်သူဌေးကြီး ဂျက်မားထက် ပိုချမ်းသာ သွားတဲ့သူ

ဇန်နဝါရီလမှာ ဒေါ်လာ ၁ ဘီလျံကျော်ချမ်းသာရာက ဒီလထဲမှာ ဒေါ်လာ ၅၈.၇ ဘီလျံချမ်းသာပြီး #ဂျက်မားထက်ချမ်းသာသွားသူ။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံးဟာ ဂျက်မားမဟုတ်တော့ပါဘူး။ Zhong Shanshan ဖြစ်သွားပါပြီ။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၅၈.၇ ဘီလျံရှိပြီး ဂျက်မားထက် ၂ ဘီလျံပိုများပါတယ်။

သူ့မိဘတွေဟာ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ နှိမ်ကွပ်ခံရပြီးကျောင်းထွက်ခဲ့ရပါတယ်။ သူဟာ ၁၉၅၄ မှာမွေးခဲ့ပြီး သူ့အသက် ၁၂ နှစ် မှာ ၆ တန်းနဲ့ ကျောင်းထွက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာလုပ်သားအဖြစ် အလုပ်ဝင်လုပ်ခဲ့ရပါတယ်။ အဲ့ဒီကနေ သတင်းထောက်၊ နောက်တော့ အဖျော်ယမကာအရောင်းကိုယ်စားလှယ်။ နောက်တော့ရေသန့်လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။

ကျနော်တို့တရုတ်ပြည်သွားရင် သူ့ရေသန့်တံဆိပ် Nongfu Spring ဟာနေရာတိုင်းမှာရှိပါတယ်။ သူ့ရေသန့်လုပ်ငန်းဟာ တဖြည်းဖြည်းကြီးထွားလာရာကနေ တရုတ်ပြည်ရဲ့အကြီးဆုံး အဖျော်ယမကာလုပ်ငန်းဖြစ်လာခဲ့တာပါ။ ဂျက်မားကိုကျော်တက်သွားတာက Covid-19 ကြောင့်ပါ။

သူ့ရဲ့ Beijing Wantai Biological Pharmacy ဟာ Covid-19 နဲ့အတူကြီးထွားလာပြီး စတော့အိပ်ချိန်းကို ဧပြီလက public တင်ခဲ့ပါတယ်။ Beijing Wantai Biological Pharmacy ဟာ Covid-19 နဲ့ပက်သတ်တဲ့ Test kits လို ပစ္စည်းတွေထုတ်ပါတယ်။ အခုလည်း ကာကွယ်ဆေးထုတ်နေတယ်လို့ဆိုကြပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီနှစ် ဇန်နဝါရီလမှာ ဒေါ်လာ ၁ ဘီလျံကျော်ရှိရာက စက်တင်ဘာလထဲမှာ ဒေါ်လာ ၅၈.၇ ဘီလျံရှိသွားတာပါ။ ငယ်ငယ်က ဆောက်လုပ်ရေးအလုပ်သမားလေးဘဝကနေစ ကြိုးစားခဲ့တာလည်းချီးကျူးပါတယ်။ ခေတ်ပျက်ရင်အဲ့လိုပါပဲ။ ကိုဗစ်ဟာ မျက်လှည့်ပြသလိုပါပဲ။

လူတစ်ယောက်ရဲ့ကံဆိုတာတကယ်မမြင်ရပါ။ ကြိုးစားကြပေါ့။

“Bricklayer to Billionaire”

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page