ဂျပန်နိုင်ငံမှ ရထားတွဲသစ်ကြီးများ ရောက်လာပြီ (မကြာခင် တွဲသစ်ကြီးတွေ စီးရပါတော့မယ်)

ဂျပန်နိုင်ငံမှ ရထားတွဲသစ်ကြီးများ ရောက်လာပြီ (မကြာခင် တွဲသစ်ကြီးတွေ စီးရပါတော့မယ်)

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်အသုံးပြုမည့် ဂျပန်နိုင်ငံမှ Diesel Electric Multiple Unit (DEMU) အမျိုးအစားရထားတွဲသစ် ၂၄ တွဲ အနက် ၆ တွဲ မှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ စက်တင်ဘာလ ၄ ရက်က ဆိုက် ရောက်လာပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရပါတယ်။

အဆိုပါ ရထားတွဲသစ်များသည် စွမ်းအင်ပိုမိုချွေတာနိုင်ခြင်း၊ မီးခိုးထုတ်လွှင့်မှု နည်းပါးခြင်းအပြင် ရထားအတွင်းပိုင်းတွင်လည်း သက်တောင့်သက်သာ ရှိသည့် ထိုင်ခုံများ နှင့် သန့်ရှင်းသောအိမ် သာများပါဝင်ကြောင်းသိရပါတယ်။

မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ယခုအခါ ၃၈၅ မိုင်ရှိသော ရန်ကုန်-မန္တလေးလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို အပိုင်းနှစ်ပိုင်းပိုင်းခွဲကာ ရန်ကုန်–တောင်ငူ ၁၆၆ မိုင် နှင့် တောင်ငူ-မန္တလေး ၂၁၉ မိုင် အဖြစ်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့် လက်ရှိကြာချိန် ၁၆ နာရီခန့်မှ ၈ နာရီ ခန့်သာ ကြာမြင့်တော့မည် ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page