ဖားကန့်ဝှေခါမှော်မှာ တွေ့တဲ့ ကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်ပိုင် သိမ်းမည်

ဖားကန့်ဝှေခါမှော်မှာ တွေ့တဲ့ ကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်ပိုင် သိမ်းမည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုကနေ အောက်တိုဘာ (၁၂)ရက် ညပိုင်းက အရွယ်အစားကြီးမားတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီး တတုံးကို တွေ့ရှိခဲ့ပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူ သွားမှာဖြစ်တယ်လို့ လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာန လက်ထောက်အထွေထွေ မန်နေဂျာ ဦးသန်းထွန်း ကပြောပါတယ်။

“မနေ့ည ၁ နာရီလောက်မှာတွေ့တာပါ။ ဒီနေ့မနက်ကြမှ သယ်ဖို့ပြုဖို့ လမ်းကြောင်းစီစဉ် တာတွေလုပ်နေတာပါ။ ကျောက်စိမ်းရိုင်းရဲ့တန်ချိန် တန်ဖိုးက ကျွန်တော်တို့ကျောက်စိမ်းရုံးရောက်မှ သိရမှာပါ။ ဒီမှာ အရည်အသွေးကိုကြည့်ပြီး တန်ဖိုးဖြတ်တဲ့အဖွဲ့တွေက တန်ဖိုးဖြတ်မယ်။ အလေးချိန်တန်ချိန် ချိန်တာတွေ လုပ်ရမှာပေါ့” လို့ ဦးသန်းထွန်းကဆိုပါတယ်။

ဝှေခါမှော်မှာ တရားမဝင် ကျောက်စိမ်းခိုးတူးဖော်နေသူတွေရှိပြီး အုပ်ချုပ်ရေးအဖွဲ့တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျောက်စိမ်းတူးဖော်ရေးဌာန တာဝန်ရှိသူတွေက ခိုးတူးသူတွေကို လိုက်လံတားဆီးတာ၊ သက်တမ်းကုန်နဲ့သက်တမ်းကျန်လုပ်ကွက်တွေအတွင်း ဝင်ရောက်တာမပြုဖို့ ကွင်းဆင်းစစ်ဆေးချိန်မှာ အခုလိုတွေ့ရှိခဲ့တာလို့ဆိုပါတယ်။

ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းကတော့ အဲဒီကျောက်စိမ်းအရိုင်းတုံးကြီး ဟာ ခန့်မှန်းတန်ချိန် (၈၀၀)လောက်ရှိပြီး ကျောက်စိမ်းမျိုးမမှန်ဘူးလို့ ဆိုပါတယ်။

ကိုတာ(ဖားကန့်)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page