မြန်မာပြည် ကိုဗစ် တိုက်ဖျက်ရေးကို အီတလီက ဆရာဝန်ကြီးများ ပါဝင်ကူညီမည်

မြန်မာပြည် ကိုဗစ် တိုက်ဖျက်ရေးကို အီတလီက ဆရာဝန်ကြီးများ ပါဝင်ကူညီမည်

ကိုဗစ်အရေးပေါ်လူနာတွေကို ကုသပေးရာမှာ အီတလီနိုင်ငံအနေနဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ကိုဗစ် -၁၉ အတွေ့အကြုံတွေကို မျှဝေပေးချင်ပြီး ကျွမ်းကျင် ဆရာဝန်ကြီးတွေကိုယ်တိုင် သင်တန်းလာရောက်ပို့ချပေးတာတွေ ပြုလုပ်လိုကြောင်း အီတလီသံအမတ်ကြီး H.E. Ms. Alessandra Schiavo က ကမ်းလှမ်းလိုက်ပါတယ်။

လက်ရှိ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဧရာဝတီစင်တာနဲ့ ပတ်သတ်ပြီး ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးစဉ် သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ် ပါတယ်။

ကိုဗစ်အရေးပေါ်လူနာတွေအတွက် ဧရာဝတီဖောင်ဒေးရှင်းက ဖွင့်ထားတဲ့ ICU/HDU စင်တာရဲ့ ကုသရေးပိုင်းမှာ ဝိုင်းဝန်းကူညီပေးချင်ပြီး အီတလီကဆရာဝန်ကြီးတွေနဲ့ ကျွမ်းကျင်သူတွေကအရေးပေါ် ကုသမှုဆိုင်ရာ သင်တန်းပို့ချပေးတာနဲ့ လိုအပ်တာတွေ ပံ့ပိုးချင်ကြောင်း ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဧရာဝတီစင်တာဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေတာဖြစ်လို့ ဝန်ကြီးဌာနကို တင်ပြပြီး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဧရာဝတီဖောင် ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်က ပြန်လည်သတင်း စကားပါးခဲ့ပါတယ်။

ခွင့်ပြုချက်ရလို့ အီတလီက ဆရာ၀န်ကြီးတွေနဲ့ ကျွမ်းကျင်သူတွေ ရောက်လာရင် မိမိအနေဖြင့် နေထိုင်သွားလာ စားသောက်ရေးအတွက် တာဝန်ယူပေးမယ်လို့ ဦးဇော်ဇော်က ပြောကြားခဲ့ပါတယ်။

ဧရာဝတီစင်တာ ICU/HDU ကိုတော့ သုဝဏ္ဏဘောလုံးကွင်းမှာ တည်ဆောက်ထားတာဖြစ်ပြီး ကိုဗစ်အရေးပေါ် လူနာတွေကုသပေးဖို့အတွက် သီးသန့် ပြင်ဆင်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။လက်ရှိမှာ(၇၅)ကုတင်ဆံ့ဖြစ်ပြီး နောက်ထပ်ကုတင် (၅၀)ကိုလည်း ထပ်မံတိုးချဲ့ဖို့လုပ်ဆောင်နေတာဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာတော့ အောက်တိုဘာ(၁၄)ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၁၃၂၅)ဦးရှိပြီး (၇၃၂)ဦး သေဆုံးခဲ့ကာ (၁၃၈၆၆) ဦးကတော့ ရောဂါသက်သာသွားပြီဖြစ်လို့ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page