ပြည့်စုံအောင် လုပ်ပေးတဲ့သူတွေကို အားနာလွန်းလို့ ထွက်တောင်ပြေးချင်တယ်ဆိုတဲ့ ကူးစက်လူနာ

ပြည့်စုံအောင် လုပ်ပေးတဲ့သူတွေကို အားနာလွန်းလို့ ထွက်တောင်ပြေးချင်တယ်ဆိုတဲ့ ကူးစက်လူနာ

ကျွန်တော့်ကို positive ဆိုပီး မနက် ၁၀နါရီခွဲလောက် က လှမ်းပြောတယ်……ကုသဆောင်ရွှေ့ရမယ်လို့ ပြောတော့ နေ့လည်စာ ဘာညာ လုပ်စရာရှိတာ လုပ်ပီး…အဆင်သင့်စောင့်နေလိုက်တယ်…..မလာမလာ နဲ့ ညနေစာပါ စားပီး ည ရှစ်နာရီလောက်မှာ ကားနဲ့ ကျွန်တော်တို့ Q ကပေါ့စတစ် သမားဒေ အကုန်လုံး ​ရွှေ့ပြောင်း ခဲ့လိုက်ကြတယ်(အ.လ.ကခွဲ ၃၆ မဂ်လာဒုံ က ဗော်လန်တီယာညီအကို များ အားလုံးအထူးကျေးဇူးပါဗျ အစစ အရာရာ အကုန်အဆင်ပြေခဲ့ရပါတယ် ခင်ဗျ)

ဘယ်ခေါ် သွားမှန်းလည်း မသိ လိုက်​ေတာ့လိုက်ခဲ့ရတာပဲ….ဘာမှ ကြိုတင် အကြောင်းကြားထားတာ မရှိပါဘူး….အဲ့လိုနဲ့ပဲ ရောက်လာ ခဲ့ပါတော့တယ်…..Yangon convention centre အားလားလား ဗျာ…..Positive ဖစ်ရတာ အားတောင် မဟားတရား နာသွားတယ်…

အဲ့လိုနဲ့ပဲ ခေတ်မှီ ဖို့အတွက် ရောက်ရောက်ချင်းမှာ QR code ယူကြရတယ် ဗျ အဲ့ဒါရတော့မှ အခန်း ထဲ ရောက်ပါတယ်…..လေးယောက်တခန်း ဖွဲ့စည်းပေးထားတယ် KBZ Bank နဲ့ ရွှေသံလွင် ကုမ္ပဏီ Sky Net က လှူထားပေးတယ် လို့ သိရတယ် ခဗျ….

အခန်းထဲ ရောက်ပီးပီးချင်း အိမ်သာ အရင် သွားကြည့်တယ်….အားဒေ နာရပြန်ပါပီ ကိုယ့်အိမ် မှာတောင် မရနိုင်တဲ့ ဆားဗစ်မျိုး နဲ့ဗျ….ရေပူရေအေး…ဘိုထိုင် အဝတ်လျော်စက်အရာအားလုံး အဆင်သင့်ပဲ ခဗျ….ထပ်ဆင့် အားဒေနာရပါတယ်..အဲ့လိုနဲ့ပဲ အခန်းထဲ ပြန်ရောက် မှ ပေးထားတာလေးဒေ လှန်လှောကြည့်မိတော့…..(ကိုယ်တိုင်လည်း ဆင်ခြင်ခဲ့ပေမယ့် ဖစ်လာတဲ့ အခါကျတော့ လူပေါင်း များစွာ ကို အနှောင့်အယှက် ဖစ်မိစေတဲ့အတွက် စိတ်မကောင်းများစွာ ဖစ်ရပါတယ်)…..​ပြင်ဆင်ပေး ထားတာလေးဒေများဗျာ…..ဓာတ်ပုံဒေ သာ ကြည့်ကြပါတော့…..

ပြောချင်တာကတော့ဗျာ…..ဒီရောဂါ ကြီး ကို ဘယ်သူမှ မဖစ်ချင်ကြပါဘူး…stay at home ကြပါ လက်ကိုဆေး​​ ကြပါ ဒါပေမယ့်လည်း မဆင်ခြင်နိုင်ကြဘူး….အဲ့တော့ ဖစ်လာကြတယ်…..​ဖြစ်လာတဲ့ အခါ ကြိတ်မကု ကြပါနဲ့….မြို့နယ် Q ဒေ ဝင်ကြပါ…ဆေးစစ်မှု ခံယူကြပါ…မကြောက်ကြပါနဲ့….Q ဒေလည်း အဆင်ပြေအောင် ဝိုင်းဝန်းနေကြပါတယ်…

ကုသဆောင် ဒေမှာလည်း အကောင်းဆုံး စီစဥ် ဆောင်ရွက်ပေးနေပါတယ်….အရာအားလုံး အဆင်ပြေတယ်ဆိုပေမယ့် လာခဲ့ဖို့တော့ မဖိတ်ခေါ်ချင်ပါဘူး ခင်ဗျာ အတတ်နိုင်ဆုံး အိမ်မှာနေကြပါ….လက်ဆေးကြပါ…ကာကွယ်ကြပါ…

ဒီရောဂါဆိုးကြီး ကို အတူတူ တိုက်ထုတ်ကြရအောင်ဗျာ.. မှားတာရှိရင်ဝန္တာမိပါ ခင်ဗျာ..

Shine Thu

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page