အိန္ဒိယနဲ့ မြန်မာတို့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိမည်

အိန္ဒိယနဲ့ မြန်မာတို့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိမည်

အိန္ဒိယနဲ့ မြန်မာတို့အနေနဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အကြိုသဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက် တာဝန်ရှိသူများက အွန်လိုင်းမှ ဆွေးနွေးပြီးတဲ့နောက်မှာ ဒီသဘောတူညီမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်က မြန်မာကို ကာကွယ်ဆေးတွေ ရအောင် ဦစားပေးဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဥ်အတွင်းမှာလည်း လူသားချင်းစာနာထောက်ထားမှု အနေနဲ့ ကိုဗစ်ရောဂါ ကုသဆေး ရမ်ဒက်ဆီဗား အလုံး ၃၀၀၀ ကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရာမှာ မြန်မာပါဝင်မယ်လို့ အိန္ဒိယဖက်ကို ကျွန်တော်တိူ့ အသိပေးလိုက်ပါပြီဖြစ်ကြောင်း မြန်မာအရာရှိတဦး ဖြစ်တဲ့ ကိုမိုးကျော်အောင်က ပြောပါတယ်။

ကိုဗစ်တိုက်ဖျက်ရေးအတွက် အိန္ဒိယက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ကာကွယ်ဆေးဟာ လူသားအားလုံးအတွက်ဖြစ်တယ်လို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ အတိအလင်း ပြောပြထားပြီး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ကိုဗစ် ကာကွယ်ဆေး စမ်းသပ်မှု တတိယအဆင့်ကို ရောက်ရှိနေပြီး စမ်းသပ်မှုတွေကို အိမ်နီးချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေး ထုတ်လုပ်မှုသည့် စက်ရုံနဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ပိုင်ဆိုင်ထားပြီး ကိုဗစ် ကာကွယ်ဆေး ပေါ်လာပါက တကမ္ဘာလုံးကို ဖြန့်ချိနိုင်ဖို့ ပါဝင်ကူညီပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page