ကိုဗစ်ကာကွယ်ဆေး သန်း ၂၇၀ ကျော်ကို အင်ဒိုနီးရှား ဝယ်ယူ (တနိုင်ငံလုံး လူဦးရေထက် ပိုပြီး ဝယ်ယူခြင်းဖြစ်)

ကိုဗစ်ကာကွယ်ဆေး သန်း ၂၇၀ ကျော်ကို အင်ဒိုနီးရှား ဝယ်ယူ (တနိုင်ငံလုံး လူဦးရေထက် ပိုပြီး ဝယ်ယူခြင်းဖြစ်)

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၇၁ သန်းကျော် ပေးပို့မည့်ကတိကဝတ်များ ရရှိခဲ့ပြီး ယခုနှစ် အကုန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ အဆင်သင့်ရရှိမည်ဟု မျှော်မှန်းပါကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားသည်။

မှာယူထားသော ဗိုင်းရပ်စ်ကာကွယ်ဆေးများကို တရုတ်ကုမ္ပဏီများဖြစ်သည့် Cansino၊ Sinovac နှင့် Sinopharm တို့မှ ထုတ်လုပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးပြန်လည်ကောင်းမွန်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးအဖွဲ့ကို ဦးဆောင်ရသည့် စီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက ပြောသည်။

ဗြိတိန် ဆေးဝါးကုမ္ပဏီ AstraZeneca ထံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူရေး အစိုးရက ဆောင်ရွက်နေကြောင်း အဲလန်ဂါက ပြောသည်။

“ကျွန်တော်တို့ ဒီလအကုန်မှာ သဘောတူညီချက်ရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာ သန်း ၂၅၀ ခန့် လက်ငင်း ပေးချေမှှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၊ ကျန်းမာရေးဝန်ကြီး တီရာဝ်အေဂတ်စ်ပူထရန်တိုနှင့် နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီး အဲရစ်သိုဟီးတို့မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူရန် ပြည် ပသို့ခရီးထွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ပြည်ပမှ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူမှုအပြင် အစိုးရနှင့် ပြည်တွင်းဆေးကုမ္ပဏီ PT Bio Farma တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လုပ်ဆောင်လျက်ရှိသည်။

ကျန်းမာရေးလုပ်သားများ၊ ဆေးဘက်အကူများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဗိုင်းရပ်စ် ကာကွယ်ဆေး ဦးစားပေးထိုးပေးမည်ဟု ၎င်းကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page