အိန္ဒိယက သန်လျင်တွင် ဒေါ်လာ ၆ ဘီလီယံတန် ရေနံချက်စက်ရုံ တည်ဆောက်ပေးမည်ဟု ကမ်းလှမ်း

အိန္ဒိယက သန်လျင်တွင် ဒေါ်လာ ၆ ဘီလီယံတန် ရေနံချက်စက်ရုံ တည်ဆောက်ပေးမည်ဟု ကမ်းလှမ်း

အိန္ဒိယနိုင်ငံက သန်လျင်တွင် ဒေါ်လာခြောက်ဘီလီယံတန် ရေနံချက် စက်ရုံတည်ဆောက်ရန် မြန်မာအစိုးရ ထံ အဆိုပြုတင်ပြခဲ့ကြောင်း အိန္ဒိယ သတင်းဌာန Time of India တွင် ရေး သားထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့် စစ်ဦးစီးချုပ်တို့ အောက်တိုဘာ ၅ ရက် က မြန်မာနိုင်ငံသို့ လာရောက်စဉ် ထိုစီမံ ကိန်းကို ထည့်သွင်းဆွေနွေးခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြထားပါတယ်။

ထိုစီမံကိန်းသည် နှစ်နိုင်ငံလုံး အတွက် အဆင်ပြေသည့် ရင်းနှီးမြှုပ်နှံ မှုဖြစ်ပြီး ပြည်တွင်းစက်သုံးဆီအများစု ကို ပြည်ပကသာတင်သွင်းနေရသည့် မြန်မာနိုင်ငံအတွက် လိုအပ်သည့်စီမံ ကိန်းဖြစ်သည်ဟု အိန္ဒိယဘက်က ဆိုပါတယ်။

မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ၏ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရင်းနှီး မြှုပ်နှံထားရာ အိန္ဒိယကလည်း မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍကို ပိုမိုရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page