များများစစ်ရင် မြန်မြန်တွေ့ပြီး ကာကွယ်နိုင်မယ်ဆိုတဲ့ အယူအဆလွဲနဲ့ ကျရှုံးခဲ့ရတဲ့ အိန္ဒိယလမ်းစဥ်

များများစစ်ရင် မြန်မြန်တွေ့ပြီး ကာကွယ်နိုင်မယ်ဆိုတဲ့ အယူအဆလွဲနဲ့ ကျရှုံးခဲ့ရတဲ့ အိန္ဒိယလမ်းစဥ်

ဆရာဝန်ကြီးတွေပါ အယူလွဲနေတာ တစ်ခုရှိတယ်.. အဲ့ဒါ များများစစ်ရင် မြန်မြန်တွေ့ပြီး ကာကွယ်နိုင်မယ်ဆိုတဲ့ အယူဝါဒပဲ..

များများစစ်ရင် များများတွေ့မှာပဲ ရှိတယ်။ ဘာမှ ထူးပြီးမကာကွယ်နိုင်ဘူး။ Viral infection မှာ Window Period ဆိုတာရှိတယ်။ ပိုးဝင်ဝင်ခြင်းမှာ Positive လဲ မတွေ့ဘူး ရောဂါလဲမဖြစ်ဘူး။

အေအိုင်ဒီအက်စ်မှာဆို ကူးပြီး ၆ လနေမှ စစ်လို့ပေါ်တယ်.. ကိုဗစ်မှာလဲ ပထမတစ်ခါ Negative, ဒုတိယတစ်ခါ Negative, တတိယတစ်ခါမှ Positive ဖြစ်တယ်ဆိုတာ Window Period ဖြစ်နေလို့ Swab Test မှာမပေါ်တာ.. Window Period မှာရော သူများကို ဖြန့်နိုင်လားဆို ဖြန့်နိုင်တယ်။ ဒီတော့ ကြိုက်သလောက်စစ် Window Period သမားတွေက ဆက်ဖြန့်နေနိုင်တယ်ဆိုတာ သိထားရမယ်။

ဒီတော့ များများစစ်တာက မကာကွယ်နိုင်ရင် ဘာက လုံးဝ ကာကွယ်နိုင်သလဲဆို ရှိသမျှလူအကုန် အပြင်မထွက်ဘဲ ၃ လလောက်ပိတ်ထားတာကပဲ ကာကွယ်နိုင်မှာ။ ဒါမျိုးလုပ်ဖို့ မဖြစ်မှ မဖြစ်နိုင်တာ။

ဘာလို့ ၃ လလိုလဲဆို Positive သမားနဲ့ပိတ်နေတဲ့ တိုက်ကလူတွေကို တစ်ယောက်စီ လှည့်ပတ်ကူးအုံးမှာ။ တစ်ယောက်မှာ ၂ ပတ်နေလိုက် နောက်တစ်ယောက်မှာ ၂ ပတ်နေလိုက်နဲ့ လူမကုန်မချင်းလှည့်ကူးနေမှာမို့ ၃ လဆိုတာ အောက်ထစ်ပဲရယ်။

ဒီလိုလုပ်လို့ မဖြစ်နိုင်လို့ပဲ ထိန်းနိုင်တဲ့နိုင်ငံတွေတောင် တစ်နေ့ကို ဆယ်ဂဏန်း ရာဂဏန်း နေ့စဥ်တက်နေဆဲပဲ။ မတက်တဲ့နိုင်ငံဆိုလို့ တရုတ်တို့ လာအိုတို့ပဲရှိမယ်ထင်တယ်၊ တကယ်တက်မတက် သူတို့အသိဆုံးနေမှာပဲ။

ကိုဗစ် တရုတ်မှာစဖြစ်တုန်းက တစ်ခါပြောဖူးတယ်။ မြန်မာနိုင်ငံကို ကိုဗစ်မဝင်လာစေချင်ရင် ရှိသမျှ အပေါက်အားလုံးပိတ် တစ်ယောက်မှ အဝင်မခံနဲ့လို့။ အဲ့လိုပိတ်ထားရင် ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်နေလို့ရမယ်။

အဲ့လိုစပြောတုန်းက ဘယ်နိုင်ငံမှ Flight တွေမပိတ်သေးဘူး။ ငြင်းတဲ့သူတွေက ငြင်းသေးတာ၊ Flight ဆိုတာ ကိုယ့်ဖက်က ဖျက်ချင်တိုင်းဖျက်မရဘူး ဘာဘူးနဲ့။ အခုကျ တကမ္ဘာလုံး ခရီးစဥ်တွေဖျက်လိုက်ကြတာ ဝက်ဝက်ကွဲ ဘယ်လေယာဥ်မှတောင် ပျံမရတော့ဘူး။ ဒါပေမယ့် နောက်ကျသွားပြီ..

နောက်ပြီး ကိုယ့်နိုင်ငံသားတွေ အဝင်မခံလို့မရဘူးဘာညာနဲ့။ အဲ့ ကိုယ့်နိုင်ငံသားတွေကပဲ သယ်လာတာ။ အခု ရပ်ကွက်ထဲ ပိတ်နေတဲ့အထာတွေလိုပဲ။ အပြင်ကလာထည့်သွားတာမဟုတ်ဘူး အတွင်းကလူတွေက အပြင်ထွက်ပြီးယူလာတာ။

ထရမ့်က WHO ကိုဆဲတာ WHO ကထွက်မယ်လုပ်နေတာ အဲ့ဒါပဲ။ WHO က တရုတ်မှာစဖြစ်တော့ လေယာဥ်ခရီးစဥ်တွေရပ်စရာမလိုပါဘူးဘာညာလုပ်လို့ တကမ္ဘာလုံးပျံ့သွားတာ။ အဲ့ဒါခင်ဗျားတို့ အရမ်းယုံနေတဲ့ WHO လုပ်ပေါက်လေ။

တရုတ်က ဝူဟန်ကိုပိတ်တာ အရမ်းနောက်ကျလို့ တကမ္ဘာလုံးပျံ့သွားတာ။ ဒါကို တရုတ်ကိုအထင်ကြီးနေတဲ့ ငနာတွေကရှိသေးတယ်။ သတင်းအဖုံးလွန်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်လို့ ပေါက်ထွက်သွားတာ။ ရှရှားချာနိုဘိုင်းကိစ္စလိုပဲ။ ဟိုက သူ့ပတ်ဝန်းကျင်နဲ့ပြီးသွားတဲ့ကိစ္စ၊ ဒါက တကမ္ဘာလုံးလျှောက်ခုန်နေရော။

တရုတ်ကထွက်ပြီး နိုင်ငံအစုံရောက်သွားကတည်းက ကိုဗစ်က ကမ္ဘာပေါ်ကနေ ပျောက်မသွားနိုင်တော့ဘူးဆိုတာ ကျန်ော့တို့အနေနဲ့ လက်ခံပြီးပြီ။ အပြုတ်တိုက်ချင်ရင် ဖျားနေတဲ့သူကို ဆန်ပြုတ်ပဲသွားတိုက်၊ ကိုဗစ်ကိုတော့ တိုက်လို့မရတော့ဘူး။

ဒီတော့အခု Antigen Kit တွေရောက်လာတာ များများစစ်ရင် များများတားနိုင်မယ်ဆိုတာတွေ စွတ်ယုံမနေနဲ့။ များများစစ်ရင် များများတွေ့မယ်၊ တားတော့ တားနိုင်မှာမဟုတ်ဘူး.. တားနိုင်ဖို့ ပိတ်ဟေ့ ပိတ်ဟနဲ့ ဆက်တိုက်ပိတ်ရင် ဘာဖြစ်မလဲသိလား.. အိန္ဒိယကိုပဲ ကြည့်။ ထောက်ပံ့စရာပိုက်ဆံမရှိဘဲ စွတ်ပိတ်ရင် အိန္ဒိယလမ်းစဥ်လိုက်သွားလိမ့်မယ်။

ယူအက်စ်က အိန္ဒိယထက်များနေတာလို့တော့ လာမငြင်းနဲ့။ မြန်မာနိုင်ငံမှာ အိန္ဒိယပြန်တွေ ဘယ်လောက် Positive များလဲ မျက်မြင်ပဲ၊ အဲ့လူတွေက အိန္ဒိယမှာ Positive တွေ့ခဲ့တာမဟုတ်ဘူးနော်။ အိန္ဒိယသာ ယူအက်စ်လိုစစ်နိုင်ရင် ဟိုးထိပ်ဆုံးမှာ ပြိုင်ဖက်တွေကို လိုက်မမှီအောင် အလဲထိုးပြီး တက်ရပ်နေမှာ။ လူဦးရေက ဘာမှကို မဆိုင်ဘူး။

ဒီတော့ အိန္ဒိယလမ်းစဥ်မရောက်စေချင်ရင် စဥ်းစား။ ဒါတောင် ကိုဗစ်ပဲရှိသေးတယ်။ မွဲလို့ အလုပ်ပြုတ်လို့ ငတ်နေတာတွေဘယ်လို စခန်းသွားမယ် မသိသေးဘူး။ ဒါတောင် ထပ်တိုးမယ် ပိုကြပ်မယ်ကြားနေရသေးတယ်။ ဆက်ပိတ်လိုက်အုံးအဲ့မှာ၊ သွားစရာ အိန္ဒိယလမ်းစဥ်ရှိတယ်။ မေမေခံနေလို့ ကံကောင်းနေသေးတယ်မှတ်ကြပါ..

ဒေါက်တာကျော်ကျော်စိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page