အိန္ဒိယက လူအများအပြား ဆေးရုံတက်လိုက်ရတဲ့ ထူးဆန်းတဲ့ရောဂါရဲ့ အကြောင်းရင်းကို ရှာတွေ့ပါပြီ

အိန္ဒိယက လူအများအပြား ဆေးရုံတက်လိုက်ရတဲ့ ထူးဆန်းတဲ့ရောဂါရဲ့ အကြောင်းရင်းကို ရှာတွေ့ပါပြီ

အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ အမည်မဖော်နိုင်တဲ့ ရောဂါတခုကြောင့် လူပေါင်းရာနဲ့ချီ ဆေးရုံတင်ကုသခဲ့ရပြီးနောက် လူနာတွေရဲ့ သွေးနမူနာတွေကို စစ်ဆေးကြည့်ရာ ခဲနဲ့ နီကယ်အမှုန့်တွေ တွေ့ရှိရကြောင်း အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လူနာတစ်ဦး သေဆုံးခဲ့ပြီး ၄၀၀ ကျော် ဆေးရုံတက်နေရတာကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယကျန်းမာရေးအဖွဲ့က ညွှန်ကြားခဲ့ပြီး နယူးဒေလီရှိ ဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျု အပါအဝင် ဆရာဝန်များအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

ပြည်နယ် အစိုးရအဖွဲ့က သွေးနမူနာတွေထဲမှာ ခဲနဲ့နီကယ် သတ္တုဓါတ်တွေ တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်ပြီး နောက်ထပ် ဆေးရုံတစ်ခုမှာလည်း အလားတူ စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကလေး ၃၀၀ ကျော် ရောဂါကူးစက်ပြီး အများစုဟာ ခေါင်းမူးပြီး အော့အန်တာတွေရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့က အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါလူနာတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးကြည့်ရာ ရောဂါပိုးမတွေ့ရဘူးလို့ သိရပါတယ်။

သွေးကြောထဲ ခဲပါဝင်မှု မြင့်မားခြင်းဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ဖွံဖြိုးမှုကို ပျက်စီးစေနိုင်သလို နှလုံးနဲ့ အဆုတ်လို အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကိုလည် ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

အင်္ဂါနေ့ အစောပိုင်းကတော့ ပြည်နယ်ဥပဒေပြုအမတ် GVL နာရာဆင်းမားက အစိုးရ ကျန်းမာရေး ကျွန်းကျင်သူတွေနဲ့ စကားပြောခဲ့ပြီး ဖြေနိုင်ခြေအများဆုံးဟာ အဆိပ်အတောက်ဖြစ်စေတဲ့ Organochlorines ပစ္စည်းတွေဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။ အန်ဒရာပရာဒေ့ရှ့် ကျန်းမာရေးညွှန်ကြားရေးမှူး ဂီတာပရာဆာဒီနီက ဖြစ်နိုင်ခြေတွေထဲက တစ်ခုဖြစ်ပြီး သေချတဲ့ စစ်ဆေးမှုရလဒ်တွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ခဲနဲ့ နီကယ်လို အော်ဂါနိုကလိုရင်း ဓါတ်တွေမှာ ကင်ဆာနဲ့ တခြားကျန်းမာရေးဆိုင်ရာအန္တရာယ်တွေ ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ပြီးနောက် နိုင်ငံပေါင်းများစွာမှာ ပိတ်ပင်တားမြစ်ထားတာလည်း ဖြစ်ပါတယ်။ သို့သော်လည်း အချို့ညစ်ညမ်းပစ္စည်းတွေဟာ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ တည်ရှိနေပြီး တိရစ္ဆာန်နဲ့ လူခန္ဓာကိုယ်တွင်းအဆီမှာလည်း တည်ရှိနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page