ကိုဗစ်ကူးစက်သူ ဦးရေ (၇) သန်းကျော်သွားတဲ့ အိန္ဒိယ (မကြာမီ ကူးစက်မှုတွင် ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်)
ကိုဗစ်ကူးစက်သူ ဦးရေ (၇) သန်းကျော်သွားတဲ့ အိန္ဒိယ (မကြာမီ ကူးစက်မှုတွင် ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်)
ဒီကနေ့ အိန္ဒိယနိုင်ငံမှာ ကိုဗဒစ် ကူးစက်ရောဂါဖြစ်ပွားမှု ၇ သန်းကျော်အထိ တဟုန်ထိုးမြင့်တက်ခဲ့ပြီး၊ ကမ္ဘာ့ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ကျော်ဖို့ နီးကပ်လာနေကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ ဒီကနေ့ ကူးစက်ဖြစ်ပွားမှုပေါင်း ၇၅,၀၀၀ နီးပါးအထိ ရှိကြောင်း သိရပြီး၊ စုစုပေါင်း ကူးစက်ဖြစ်ပွားမှုဟာ ၇.၀၅ သန်းအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကူးစက်ဖြစ်ပွားမှု ၇.၇၆ သန်းရှိတဲ့ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။