အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၈ သန်းကျော် ရှိသွားပါပြီ (အစိုးရကလည်း အားလုံးဖွင့်ပေးလိုက်ပါပြီ)

အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၈ သန်းကျော် ရှိသွားပါပြီ (အစိုးရကလည်း အားလုံးဖွင့်ပေးလိုက်ပါပြီ)

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ကြာသပတေးနေ့မှာ ၈ သန်းကျော်သွားပြီလို့ အစိုးရက အတည်ပြုပါတယ်။

လောလောဆယ် နေ့စဉ်ကူးစက်မှုနှုန်းကျဆင်းနေပေမယ့် ဟိန္ဒူဘာသာရေးပွဲတော်ကာလနဲ့ ဆောင်းတွင်းကာလတွေ လာတော့မှာမို့ ကူးစက်မှု အရှိန်ပြန်တက်လာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

အိန္ဒိယမှာ ကူးစက်သူ ၈ သန်းကျော်ရှိနေပြီး အမေရိကန်မှာ ၉ သန်းကျော်ရှိနေတဲ့အတွက် အိန္ဒိယဟာ ဒုတိယ အဆိုးဆုံး ကူးစက်မှုရှိတဲ့နိုင်ငံဖြစ်နေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ အသစ် ၄၉၈၈၁ ဦးရှိပြီး သေဆုံးသူက ၅၁၇ ဦးရှိပါတယ်။ ရောဂါစဖြစ်ချိန်ကနေ အားလုံးပေါင်းဆိုရင်တော့ သေဆုံးသူ ၁၂၀၅၂၇ ဦီး အထိရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့် အရင်ကချခဲ့တဲ့ လော့ဒေါင်းတွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ပြန်ဖွင့်ပေးခဲ့ပြီး ဈေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ မြေအောက်ရထားတွေ၊ ရုပ်ရှင်ရုံတွေ အားလုံး ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ နှာခေါင်းစည်းတပ်တာ၊ လူချင်း ခပ်ခွာခွာနေတာတွေကို ငြီးငွေ့ မှုမရှိပဲ ဆက်လုပ်ကြဖို့ တိုက်တွန်းထားပြီး တကယ်လို့ ဆက်လုပ်ဖို့ ငြီးငွေ့ရင် ကူးစက်မှု ပြန်တိုးလာမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

အခုဆိုရင် မြို့တော် ဒေလီမှာ ကူးစက်မှု ပြန်တိုးလာတဲ့ လက္ခဏာတွေ မြင်နေရပြီလို့ ဆိုပါတယ်။ နယူးဒေလီမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၄၈၅၃ ဦး ရှိတဲ့အတွက် ဒါဟာ အရင်လက ၁,၀၀၀ အထိကျဆင်းသွားရာကနေ ပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ရှေ့နှစ် ဇူလိုင်အမီ ကိုဗစ်ကာကွယ်ဆေး သန်းပေါင်း ၂၅၀ ပေးနိုင်ဖို့ အစိုးရက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page