မြန်မာတနိုင်ငံလုံးတွင် အင်းစိန်မြို့နယ်သည် ကူးစက်ခံရသူ အများဆုံးဖြစ်၊ သေဆုံးသူ (၇) ဦး ရှိပြီ

မြန်မာတနိုင်ငံလုံးတွင် အင်းစိန်မြို့နယ်သည် ကူးစက်ခံရသူ အများဆုံးဖြစ်၊ သေဆုံးသူ (၇) ဦး ရှိပြီ

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အင်းစိန်မြို့နယ်တွင် ကိုဗစ် ရောဂါကူးစက်ခံရသူအများဆုံး ဖြစ်ကြောင်း အင်းစိန်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကသုံးသပ်ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် အောက်တိုဘာ ၂ရက်အထိ ကိုဗစ် ကူးစက်ခံရသူ ၈၃၃ ဦးရှိ သည့်အနက် ၉၃ ဦးသည် ဆေးရုံဆင်းခွင့်ရရှိပြီး သေဆုံးသူ ၇ ဦးရှိကြောင်း သိရပါတယ်။

“အင်းစိန်မှ ကိုဗစ် ကူးစက်ခံရသူဦးရေက မြန်မာတစ်နိုင်လုံးတွင် အများဆုံးဖြစ်နေပါတယ်။ ပထမလှိုင်း ကာလတစ်လျှောက်မှာ အင်းစိန်က အသေအပျောက်မရှိခဲ့ဘူး။ ဒုတိယလှိုင်းမှာ သေဆုံးသူ ၇ ဦးအထိရှိပြီဖြစ်ပါ တယ်။ အဲ့ဒီထဲမှာ အမျိုးသားတစ်ဦးသာပါဝင်ပြီး ကျန် ၆ ဦးက အမျိုးသမီးတွေဖြစ်ပါတယ်”ဟု ဦးဝေဖြိုးဟန်က ဆိုပါတယ်။

သေဆုံးသူများမှာ အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်မှ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦး၊ ရွာမအရှေ့ ရပ်ကွက်၊ ဒညင်းကုန်းရပ်ကွက်၊ ရွာမအနောက်ရပ်ကွက်နှင့် နံ့သာကုန်းရပ်ကွက်တို့မှ အမျိုးသမီး လေးဦးတို့ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် အင်းစိန်မြို့နယ်မှ ကိုဗစ် အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများ၊ အနံ့ ပျောက်သူများကို Q Center များဖွင့်လှစ်၍ စောင့်ရှောက်မှုပေးနေကြောင်း၊ အင်းစိန် GTI ကျောင်း ဝင်းအတွင်း ကိုဗစ် အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများ ထားရှိရန် Q Center ၃ ခု၊ အင်းစိန် အ.ထ.က(၁)ကျောင်းတွင် အနံ့ပျောက်သူများအတွက် Q Center ၁ ခုဖွင့်လှစ်ထားရာ မြို့နယ်တွင်းမှ ထပ်မံထွက်ပေါ်လာသော ထိတွေ့သူများကိုထားရှိနိုင်ရန် အင်းစိန် အ.ထ.က(၃)ကျောင်းအား Q Center အဖြစ် ဖွင့်လှစ်အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။

အင်းစိန်မြို့နယ်ရှိ Q Center ငါးခု၌မတ်လမှ အောက်တိုဘာ ၃ရက်နေ့အထိ လူဦးရေ ၁၀၀၀ ဦးကို စောင့်ကြပ်ကြည့်ရှုခဲ့ပြီး CBF Q Center ၃ ခုမှ ပိုးတွေ့သူ ၁၂၃ ဦး ၊ Q Center ၅ ခုမှ သတ်မှတ်ရက်ပြည့်ချိန် ရောဂါပိုးကူးစက်မှုမရှိ၍ နေအိမ်ပြန်သွားသူ ၄၆၄ ဦး၊ လက်ရှိ CBF Q Center ၅ ခုတွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၄၁၃ ဦး ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page