ဆေးရုံကြီးက အထူးကြပ်မတ်ဆောင်မှာ ကုသရန် ကိုဗစ်လူနာ ၂၀ ကျော်ခန့် နေ့စဥ်စောင့်နေရဟုဆို

ရန်ကုန်ဆေးရုံကြီးက အထူးကြပ်မတ်ဆောင်မှာ ကုသရန် ကိုဗစ်လူနာ ၂၀ ကျော်ခန့် နေ့စဥ်စောင့်နေရဟုဆို

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ထဲကြားသိတဲ့ သတင်းစကားလေး ပြန်မျှဝေပါရစေ။ တစ်နေ့တစ်နေ့ ကိုဗစ်ကူးစက်ခံရသူတွေ ထောင်ချီရှိနေတယ်လို့ သိရပါတယ်။

အထူးကြပ်မတ်ကုသဆောင် ထဲကို လာဖို့ လိုအပ်နေတဲ့ လူနာ တစ်နေ့ ၂၀ ကျော် တန်းစီနေရပါတယ်တဲ့။ ကျွန်မ ကူးစက်ခံရတာ ဗိုင်းရပ်စ်က ပြင်းထန်တဲ့ အမျိုးအစားထဲမှာပါလို့အဲ့ ဗိုင်းရပ်စ်ကြောင့် သွေးတွေ ခဲပြစ်စေလို့ တနေ့ ချက်ပတ်ပတ်လည်မှာ သွေးကြဲဆေးနှစ်လုံးထိုးရပါတယ်။ သွေးလည်းနေ့တိုင်း ဖောက်စစ် နေရပါတယ်။

ဆေးတွေလည်း တစ်နေကုန် တစ်ညလုံး ချိတ်သွင်းရပါတယ်။ ဒါကြောင့် ဂရုစိုက်ကြပါ။ ပြင်းထန်တဲ့ ဗိုင်းရပ်စ် အကူးမခံရဘူးဆိုရင်တော့ အပျော့စားကူးခံရလည်း နောက်ဆက်တွဲ ဆီးချိုပြဿာရှိနိုင်တယ်လို့ သိရပါတယ်။

ကျွန်မ ဆီးချို အရင်က မရှိပါ ဗိုင်းရပ်စ် စရောက်တော့ နည်းနည်း စိုးရိမ်ရတဲ့ အမှတ်နားကပ်လာပါတယ်။

အခုတော့ ဆီးချိုက ပုံမှန်ပါပဲ။ အထူးကြပ်မတ်ကုသဆောင် ထဲမှာတော့ ရန်ကုန်အပြင် ကချင်ပြည်နယ်က လာကူတဲ့ သူနာပြုတွေရယ် (ကျွန်မရတဲ့ သတင်းစကားအရပါ)၊ ရှမ်းပြည်နယ်က လာတဲ့ ကြက်ခြေနီဗော်လန်တီယာတွေ လာကူပြီးကူညီစောင့်ရှောက်ပေးနေတာလို့သိရပါတယ်။ ရှမ်းပြည်နယ်က ကြက်‌ခြေနီ ၃၀ ကျော်က တစ်လ လာကူနေတာလို့ သိရပါတယ်။ အားလုံးပဲ mask တပ်ကြပါ။ လူချင်း ခပ်ခွာခွာနေကြပါ။

အားလုံး ကပ်ရောဂါက ကင်းဝေးကြပါစေ။

Waimartheint Ygn

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page