အိမ်ကနေ ဘယ်မှ မထွက်ဘဲ ထူးထူးဆန်းဆန်း ကူးစက်ခံလိုက်ရတဲ့ အဖြစ် (ကိုယ်ခံအားနည်းတာနဲ့ ကူးနေပြီလား)
အိမ်ကနေ ဘယ်မှ မထွက်ဘဲ ထူးထူးဆန်းဆန်း ကူးစက်ခံလိုက်ရတဲ့ အဖြစ် (ကိုယ်ခံအားနည်းတာနဲ့ ကူးနေပြီလား)
ဒီမနက်နိုးတော့ အနံ့စပျောက်ပါတယ် လည်ချောင်းလည်းနာလာတယ် အဖျားနည်းနည်းရှိလာတယ် တစ်ခုစဉ်းစားစရာက စဖြစ်တဲ့အမရော ကိုယ်တွေရော ဘယ်မှမထွက်ပါဘူး positive လူနာနဲ့လည်း ထိတွေ့ထားခြင်းမရှိပါဘူး ရုံးကနေ work from home ကလည်း တစ်လလောက်ရှိပါပြီ။
စဖြစ်တဲ့အမက သူခေါင်းလျှော်တယ် ခေါင်းလျှော်ပြီး ပန်ကာဖွင့်အိပ်လိုက်မိတယ် အဲ့မှာနှာစေးပြီး အနံ့မရတော့ဘူး ရိုးရိုးပဲထင်တာ နောက်တော့ ချောင်းဆိုးလာတယ် ကိုယ်ပါပူလာတယ်..မျက်လုံးတွေနီလာတယ် မျက်နှာနည်းနည်းဖောလာတယ်
ပြောချင်တာက သူအဲ့လိုမဖစ်ခင် ဘာ positive လူနာ ဘယ်နေရာမှမသွားခဲ့ဘူး အိမ်မှာနေတာ သန့်သန့်လေးနေတာပါ အခုပိုးက positive လူနာနဲ့ထိမိမှ ကူးတာလို့မထင်ဘူး ကိုယ်ခံအားကျတာနဲ့ အဲ့ပိုးက ဝင်လာပြီပဲ ဘယ်မှသွားလို့မဟုတ်ဘူး အဲ့တွက် ကိုယ်ခံအားကောင်းအောင်နေပါ အိမ်ထဲပဲနေလည်း ကိုယ်ခံအားကျသွားရင် အဲ့ရောဂါက အလွယ်တကူ ဝင်လာနိုင်ပါတယ်
ပိုးကအစတည်းကရှိနေပြီး ကိုယ်ခံအားကျမှပေါ်လာတဲ့ပုံစံလားတော့ မသိဘူး (ကိုယ်တွေဖြစ်တဲ့ ပုံစံနဲ့ နှိုင်းပြတာပါ အမှားပါရင် တောင်းပန်ပါတယ်) သေချာတာတော့ မဖြစ်ခင်က ဘယ်မှမထွက်ခဲ့သလို positive လူနာနဲ့လည်းမထိတွေခဲ့ကြပါဘူး…
အိမ်မှာပဲနေတယ်ဆိုပြီး မပေါ့ကြပါနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဖျားလုံးဝ အဝင်မခံပါနဲ့ အဖျားဝင်တာနဲ့ အဲ့ပိုးကချက်ချင်းဆိုသလို လက္ခဏာပြတော့တာပဲ ပိုပြီးဂရုစိုက်ကြပါ….
ဖြစ်ရင် ကြောက်အောင် ပြောတာတော့မဟုတ်ဘူး လူနာတွေ အရမ်းများနေလို့ လာပြီးအဖျားစစ်တဲ့ ဆရာဝန်တောင် မရှိသေးပါဘူး ၅ ရက်လောက် ကြိုစောရောက်နေတဲ့သူတွေတောင် ခုထိ ဘာမှ မလုပ်ပေးနိုင်သေးကြပါဘူး ကျန်းမာရေးဝန်ထမ်းတွေရဲ့အပြစ်မဟုတ်ဘူး အခုလူနာတွေက အရမ်းကိုများနေတာ နေကောင်းအောင်ပဲ ဂရုစိုက်ကြပါ မဖြစ်ခင်တည်းက ကာကွယ်ကြပါ။
Q လာဝင်မယ်ဆိုရင် အရင်ဆုံးစောင် ခြင်ထောင် သောက်စရာရေ ခွက် အကုန်အစုံယူခဲ့ပါ ဘာမှမလောက်တော့ပါဘူး..
Yee Yee Oo