ဖောင်ကြီးဆေးရုံမှာ ဖခင်ကြီး ကွယ်လွန်သွားတဲ့အကြောင်း ပြောလာတဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး

ဖောင်ကြီးဆေးရုံမှာ ဖခင်ကြီး ကွယ်လွန်သွားတဲ့အကြောင်း ပြောလာတဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး

ကျွန်တော် ပါပါး ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ပါးစပ်က တခါမှ ထုတ်မပြောဖူးဘူး။ ဟိုနေ့က ဆေးရုံမှာ ပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန်ကောင်းရင် ကြားအောင်ပြောမယ်လို့ တွေးထားတာ။ မနေ့က ဖောင်ကြီးရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျွန်တော် ဘာ‌ဖြစ်မှန်း‌ေတာင်မသိတော့ဘူး။

ဂျပန်ဆေးရုံ ICU မှာ ၅ ရက် တိတိနေရတုန်းက အချိန်ပြည့်ဘေးကနေ စောင့်ပေးနေရတော့ ဖောင်ကြီးကိုရွှေ့မယ့် အချိန် တယောက်ထဲ လွှတ်ရတာကို တော်တော်ကြီး စိတ်ကမကောင်းဘူး။ သူပြန်ကောင်းလာဖို့ ဆိုတာကြီးနဲ့ လွှတ်ရတာ။ မနေ့က video call ပြောတော့လဲ သေချာ ချော့မော့ပြော‌ေပမယ့် မိသားစု အနားမှာ မရှိနေတာကို အားငယ်နေတာတွေ့ရတော့ အရမ်းဝမ်းနည်းတယ်။

လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေရင်ပြည့်ပြီး နူန်းတယ်။ လွန်ခဲ့တဲ့ ၈ ရက်က ဖျားတယ်။ နောက်ရက် ညနေပိုင်း O2 ကျ‌လို့ နောက်နေ့ ‌ဂျပန်ဆေးရုံသွားပြတယ်။ICU ထဲရောက်တယ်။ ကျတော်ဘေးကနေ စောင့်ပေးတယ်။ Swab Test လုပ်တယ်။ နောက်နေ့ ကိုဗစ် Positive ထွက်တယ်။ အိမ်မှာစောင့်နေတဲ့ အမေ ကို Q ခေါ်သွားတယ်။ ကိုဗစ် ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက်ထပ်နေတယ်။ မနေ့က ဖောင်ကြီးကိုခေါ်တယ်။ ကျတော် Q ဝင်ကတယ်။ ဒီနေ့ အဖေ ဆုံးတယ်။

အရမ်းမြန်လွန်းတယ်။ ကိုဗစ်ကို အရမ်းကြောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမဖြေနိုင်ပါဘူး။ ကိုယ်တိုင်က ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျတော် တချက်ပေါ့မိပါတယ်။ ကျတော် ညံ့ပါတယ်။

အမေနဲ့ ကျတော်လဲ မစစ်ရသေးတော့ ပိုး ရှိနေနိုင်တယ်။ ကျတော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျတော်ပဲ ပိုးတွေ့ပြီး အမေ အန္တရာယ်ကင်းပါစေ။

၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ ဒီတခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့‌တာ တော်တော် ဆိုးပါတယ်။

ဒီစာဟာ ကျတော် ရေးချင်လို့ ရေးတာ ၊ သူများတွေ သင်ခန်းစာ ယူနိုင်အောင်နဲ့ ကျတော့် ဘဝမှာ အမြဲ နောင်ကြဉ်အောင် ရေးတာပါ။ Lecture ရိုက်မယ့် ၊ အပြစ်တင်မယ့် ကွန်းမန့်တွေ မမြင်ချင်ပါ။ မီဒီယာများမှလဲ အင်တာဗျူး မတောင်းကြပါနဲ့။

ကျတော် ရူးချင်နေပါတယ်။ ဘဝမှာ ကောင်းတာလုပ်တိုင်းလဲ ကောင်းတာမဖြစ်ပါ။ အဖေဆို ဘဝတလျှောက် သူတပါးအပေါ် မိသားစု အပေါ် ၊ သူ့ မိဘ ညီအကိုမောင်နှမတွေ အပေါ် အလွန်ကောင်းပါတယ်။ ဒါပေမယ့် သူ့နောက်ဆုံးအချိန်က အလိုကြီးလား ၊ချက်ချင်းကို သဂြိုလ်ရမယ့် ကံပါတာလား။ မိသားစုနဲ့ တကွဲတပြားလား။ သူတသက်ရှာထားတဲ့ စည်းစိ မ်တွေ အခုဆို ဘာမှ လုပ်ပေးလို့မရတော့ဘူး။

ကျတော် ဘုရားတရားအရမ်းလုပ်‌ေပမယ့် အခုကြုံရတော့ တရားနဲ့လဲ မဖြေနိုင်ပါဘူး။ ကျတော်‌ေလာကကြီးကို တကယ်မုန်းတယ်။

ပါပါး ပိုကောင်းမွန်တဲ့ ဘုံဘဝရောက်မှာပါ။ လုံလုံးနဲ့ တွေ့နေမှာပါ။ ပါပါးကို ချစ်ပါတယ်။ ကျတော့် အတွက် ပါပါး ဂုဏ်ယူခဲ့ရမှာပါနော်။

ကျတော့်ကိုချစ်တဲ့သူတွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ် ကို ရည်းစူးပြီး ‌မေတ္တာပို့ အမျှ‌ ဝေပေးကြပါ။ ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page