ကိုဗစ်ဟာ ထင်ထားတာထက် ကူးစက်မှုနှုန်း ပိုမြန်လာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပြီ

ကိုဗစ်ဟာ ထင်ထားတာထက် ကူးစက်မှုနှုန်း ပိုမြန်လာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပြီ

ကိုဗစ်ကပ်ရောဂါပိုးဟာ ထင်ထားတာထက် ကူးစက်မှုမြန်လာတာကိုတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်သူနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ပြီး တစ်ယောက်နဲ့ တစ်ယောက်အရှိန်မြှင့်အားဖြည့်ပံ့ပိုးဆောင်ရွက်မယ်ဆိုရင် ကပ်ရောဂါကိုအချိန်တိုအတွင်း ထိန်းချုပ်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေကိုအားလုံးကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အထူးကျေးဇူးတင် ဝမ်းမြောက် ဂုဏ်ယူ မှတ်တမ်းတင်တယ်လို့လည်း ဆိုပါတယ်။

အခုအချိန်မှာတော့ သေဆုံးသွားတဲ့ကိုဗစ်လူနာတွေဟာ တစ်နိုင်ငံလုံးမှာ(၅၇)ယောက်အထိ ရှိသွားပါပြီ။

ဒီနေ့အထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၈၉၄)ယောက်ရှိနေပြီး အဲဒီထဲမှာပြန်ကောင်းမွန်တဲ့သူ (၉၀၈)ယောက် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page