လိုက်ဖ်လွှင့် စျေးရောင်းနေရင်း ပရိတ်သတ်ကို ငိုပြီး တောင်းပန်ခဲ့တဲ့ ထက်ထက်မိုးဦး

လိုက်ဖ်လွှင့် စျေးရောင်းနေရင်း ပရိတ်သတ်ကို ငိုပြီး တောင်းပန်ခဲ့တဲ့ ထက်ထက်မိုးဦး

မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ အရင်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ထက်ထက်မိုးဦးကတော့ တစ်ကြော့ပြန် ခေတ်စားလာပြန်ပါပြီနော်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ကြော်ငြာတွေများစွာရိုက်ကူးရင်း သူမရဲ့ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ ထက်ထက်မိုးဦးက ယနေ့မှာလည်း အွန်လိုင်းပေါ်မှာ လိုက်ဖ်လွှင့်ကာ ကြော်ငြာပေးနေရသူတွေထဲမှာ ထိပ်ဆုံးနေရာက ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။

သူမ တဖန်အနုပညာလောကထဲမှာ ပြန်လည်အောင်မြင်လာတဲ့အတွက် ပရိသတ်များသာမကပဲ အနုပညာလောကသားများကပါ ဝမ်းမြောက်ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထက်ထက်က မြန်မာသနပ်ခါးလေးနဲ့ လိုက်ဖ် လွှင့်ဈေးရောင်းခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်က ”စိတ်ဖိစီးမှုတွေ အရမ်းများလို့ တစ်ခုခုအမှားရှိရင်နားလည်ပေးကြပါလို့။ တစ်ခါတလေကျရင် စိတ်မကောင်းဖြစ်တယ်။

ကိုစကားပြောတာမှားသွားမလား မှားခဲ့သည်ရှိသော် ကောင်းသောမှားခြင်း ဖြစ်ချင်တယ်ပေါ့နော်။ အဲ့ဒါကြောင့်ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်။ အလုပ်တွေကလဲနေ့တိုင်းအများကြီးလုပ်ရတာဆိုတော့ တစ်ခါတလေကျရင် လက်လွှတ်စပါယ် မတော်တဆ ထွက်ခဲ့သည်ရှိသော် နားလည်ပေးကြပါလို့တောင်းပန်ပါတယ်။

တစ်ယောက်ချင်းစီအားပေးတဲ့သူအကုန်လုံးကိုလဲ လေးစားပါတယ်။ ချစ်တဲ့ပရိသတ်တွေအကုန်လုံးက ထက်ထက်ရဲ့ ဘဝပါပဲ။ ချစ်ရတဲ့သူတွေအားပေးနေကြလို့ ထက်ထက်ဘဝမှာ ရပ်တည်နိုင်တာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဆိုပြီး ဝမ်းနည်းမျက်ရည်တွေနဲ့ပြောလာခဲ့ပါတယ်။

လတ်တလောမှာတော့ ထက်ထက်မိုးဦးဟာ စိတ်ဖိစီးမှုများပြီး ခံစားနေရပေမယ့် အကောင်းဆုံး လိုက်ဖ် လွှင့်ဈေးရောင်းပေးခဲ့ပါတယ်။ ပရိသတ်ကြီးကလဲ ထက်ထက် အတွက်အားပေးစကားလေးပြောပေးခဲ့ကြပါဦးနော်။ ထက်ထက်ရဲ့ လိုက်ဖ် ဗီဒီယိုလေးကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page