ရန်ကုန်တွင် လာမည့် နှစ်ပတ် သုံးပတ်အတွင်း ကိုဗစ်ကို ထိန်းချုပ်နိုင်မည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တွင် လာမည့် နှစ်ပတ် သုံးပတ်အတွင်း ကိုဗစ်ကို ထိန်းချုပ်နိုင်မည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရန် ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်နေ သည့်အတွက် လာမည့် ရက်သတ္တပတ် နှစ်ပတ်၊သုံးပတ်အတွင်းမှာထိန်းချုပ်နိုင်မည်ဟုယုံကြည်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၁၅ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ် ခဲ့သောသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“ကိုဗစ် ရောဂါနဲ့ပတ်သက်ရင် ကိုဗစ် ကုသရေး၊ထိန်းချုပ်ရေးအမျိုးသားအဆင့်ဗဟိုရဲ့ ညွှန်ကြား ချက်များကို ကျွန်တော်တို့တိုင်းအတွင်းမှာ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ကြပ်မတ်ဆောင်ရွက်နေပါတယ်။ ဒီကြပ်မတ်ဆောင်ရွက်မှုတွေအားလုံးဟာ ပြည်သူလူထုကို ကိုဗစ်ရောဂါကာကွယ်နိုင်ဖို့၊ကုသပေးနိုင်ဖို့၊ထိန်းချုပ်ပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ဒီကြိုး ပမ်းဆောင်ရွက်မှုဟာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအလွန်အင်မတန်ရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်း အတွင်းမှာပြည်သူတွေပူးပေါင်းပါဝင်ကူညီမှုတွေရှိလာတဲ့အတွက် လာမယ့်ရက်သတ္တပတ်နှစ်ပတ်၊သုံးပတ်မြောက် မှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးထိန်းချုပ်နိုင်မယ့်အခြေအနေကိုရောက်မယ်လို့ယုံကြည်ပါတယ်”ဟု ဦးဖြိုး မင်းသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေး၊လူမှုရေးကဏ္ဍများတည်ငြိမ်စေရန် ပြည်ထောင်စုဝန်ကြီးဌာနများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပြည်သူများနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ လမ်းညွှန် ထားသည့် Stay at Home အစီအစဉ်များနှင့်အညီ လက်ဆေးခြင်း၊ မလိုလားအပ်ဘဲ နေအိမ်အပြင်ထွက်ခြင်း မပြုလုပ်ကြရန်နှင့် မဖြစ်မနေအပြင်ထွက်လျှင် အကာအကွယ်တပ်ဆင်ရန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကိုဗစ် ရောဂါနှင့်ပတ်သက်၍ ဝေဘာဂီဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီးနှင့် ဖောင်ကြီးကုသရေး စင်တာများတွင် လူနာများထားရှိနိုင်သောအခြေအနေရှိကာ ကုသရေးစင်တာများမလုံလောက်ဟူသော ဝေဖန်မှု များမှာ မမှန်ကန်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဖောင်ကြီးကုသရေးစင်တာသည် ရောဂါကုသရေးအတွက် ၁၂၂၀ ဦးလက်ခံနိုင်ပြီး လက်ရှိတွင် တက်ရောက်နေသူ ၈၄၃ ဦး ရှိကာ ဝေဘာဂီအထူးကုဆေးရုံတွင် ၆၂ ဦး၊ တောင်ဥက္ကလာပပြည်သူ့ဆေးရုံတွင် ၄၂ ဦးကုသမှုခံယူနေကြောင်း သိရပါတယ်။ ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ၌ အတည်ပြုလူနာများနှင့်စပ်ဆက်နေသူ ၁၂၀၆ ဦးကို Quarantine ထားရှိပြီး အတည်ပြုလူနာ ၂၇၂ ဦး ရှိကာ ထပ်မံလက်ခံနိုင်သည့်အဆောက်အဦး ၁၃ လုံးကျန်ရှိနေသေးကြောင်း သိရပါတယ္။

လှိုင် Q Center သည် လူဦးရေ ၁၆၀၀ ခန့်ထားရှိနိုင်ပြီး လက်ရှိတက်ရောက်နေသူ ၅၃၃ ဦးသာ ရှိသည့်အတွက် အတည်ပြုလူနာများကိုပါ ထားရှိနိုင်ရန် ပြင်ဆင်နေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၆ရက်၊ နံနက် ၈နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၃၆၃၆ ဦးရှိပြီး သေဆုံးသူ ၃၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page