ထန်းလျှော်ဖြင့် မြန်မာပြည်တွင် ကမ္ဘာ့ပထမဆုံး ရက်လုပ်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး ပြီးစီးလုပြီ

ထန်းလျှော်ဖြင့် မြန်မာပြည်တွင် ကမ္ဘာ့ပထမဆုံး ရက်လုပ်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး ပြီးစီးလုပြီ

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ် တွင်ပါ ပထမဆုံးဖြစ်နိုင်သည့် ထန်းလျှော် ဖြင့် ဗုဒ္ဓရုပ်ပွားတော်ကို ရက်လုပ်နေကာ ပြီးစီးလုအခြေအနေကို ရောက်နေပြီဖြစ် ကြောင်း အဆိုပါရုပ်ပွားတော်ကို ရက်လုပ် ပူဇော်နေသူများထံက ဒီဇင်ဘာလ ၅ ရက်တွင် သိရပါတယ်။

အဆိုပါ ရုပ်ပွားတော်ကို မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ်၊ ရွာတန်းရှည်ကျေးရွာ၊ တိုက်သစ် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ထားရှိရက်လုပ်နေခြင်းဖြစ်ကာ လောကမာရ ဇိန်ထန်းဘုရားကြီးဟု ဘွဲ့တော်သတ်မှတ် ထားပြီး ဘုရား၏ ဉာဏ်တော်မှာ ၂၇ ပေ ရှိကာ ပလ္လင်တော်ပါ ပါက ၃၄ ပေ အမြင့် ရှိပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသကို လျှောက်ထား သြဝါဒခံယူကာ တည်ထားခြင်းဖြစ် ကြောင်း တော်ဝင်ထန်းအဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ပိုးဖြူက ဒီဇင်ဘာလ ၅ ရက်တွင်ပြောပါတယ်။

“ရုပ်ပွားတော်မှာ ဆံတော်က သုံးလိုင်းမြောက်ပဲကျန်ပါတော့တယ်။ အလှူ က ထန်းတောင်သူတွေပါတယ်။ နန်းတွေ ထိုးရတာကိုး။ ရွာသူရွာသားတွေပါတယ်။ ထန်းပင် အလှူရှင်တွေလည်းပါတယ်။ ထိန်းသိမ်းထားတဲ့ထန်းပင်တွေက ထန်း လက်တွေကို အန်တီတို့က ခုတ်တယ်။ ထန်းလက်တွေကိုယူပြီးတော့ အန်တီတို့ က ထိုးတာပေါ့နော်။ ထန်းတောင်သူတွေ အကုန်လုံးလည်းပါတယ်။ ဒီထန်းပင်တွေ ကို အုပ်စုလိုက်ခုတ်နေတဲ့အချိန် ကြိုး စည်းထားတဲ့အပင်တွေကို အန်တီတို့က ဝယ်ပြီး သိမ်းလိုက်တာကို။ အဲဒီအပင်က ထန်းလက်တွေကယူပြီးတော့ ဘုရားကိို ထိုးတာပေါ့” ဟု အဆိုပါဘုရားတွင် ကိုယ်တိုင်နန်းထိုး၍လည်း ကုသိုလ်ယူခဲ့သူ ၎င်းကဆိုပါတယ်။

ရုပ်ပွားတော်သည် အဆိုပါအရပ်ဒေသတွင်ရှိသော ထန်းတောင်သူများကို ကိုယ်စားပြုထားသကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအ တွက် ဝယ်ထားလိုက်သော ထန်းပင်များ က ထွက်ကုန်ပစ္စည်းများကို သုံးထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

“ဒီဆင်းတုတော်သည် အဓိပ္ပာယ် တွေအများကြီးကို ယူလာတာပေါ့နော်။ သဘာဝထိန်းသိမ်းတယ်။ နောက်တစ်ခါ ထန်းတောင်သူတွေအားလုံးရဲ့အလှူတွေ ပါသလို သင်တန်းလုပ်ပေးတယ်။ သင်တန်းသူတွေ ရက်တတ်လာတယ်။ အန်တီ ထင်ပါတယ်။ နောက်ထပ် ဘုရားတစ်ဆူကို ထပ်ပြီး ရက်လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲ ပါတယ်။ ဘာလို့လဲဆိုရင် အားလုံးကို လက်ချည်းပဲလေ။ ထန်းလျှော်ကို ခုတ်ရ တာလည်း လက်နဲ့ခုတ်ရသလို လျှော် သပ်ရတာလည်း ထန်းတောင်သူတွေက အရမ်းထက်တဲ့ ဓားနဲ့သပ်ပေးရတယ်” ဟု ဒေါ်ပိုးဖြူက ပြောပါတယ်။

တိုက်သစ်ဘုန်းတော်ကြီးကျောင်းတွင် ရှေးဟောင်းဆင်းတုတော် ၂၅ ဆူ လည်းတည်ရှိနေကာ အဆိုပါဘုရားသည် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေ ရာတစ်ခုလည်း ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page