မိခင်ဖြစ်သူ နှာခေါင်းအနံ့မရသည်ကို ထက နေ၍ မောင်နှမချင်း စကားများပြီး လူသေဆုံးမှုဖြစ်

မိခင်ဖြစ်သူ နှာခေါင်းအနံ့မရသည်ကို ထက နေ၍ မောင်နှမချင်း စကားများပြီး လူသေဆုံးမှုဖြစ်

ရန်ကုန် မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၊ မြအေးချမ်းလမ်း၊ ပတ္တမြားမြို့သစ်၊ ထောက်‌ကြန့်နေ တရားလိုမှာ အောက်တိုဘာ ၁၉ ရက်နေ့ ၈နာရီခန့်က အိပ်ယာမှနိုးပြီး တစ်ဝန်းတည်းနေ ယောက်ခမဖြစ်သူ အိပ်နေသဖြင့် ” အမေ နေမကောင်းဘူးလား” ဟုမေးရာ ယောက်ခမဖြစ်သူမှ “နှာခေါင်းအနံ့မရရှိကြောင်း” ပြော၍ တရားလိုမှာ နေအိမ်ပြန်၍ ခင်ပွန်းဖြစ်သူ ကိုရဲလင်းအောင်အား နှိုး၍ ပြောခဲ့ကြောင်း ဆိုသည်။

ခင်ပွန်းဖြစ်သူမှ ကျေးလက်ကျန်းမာရေးဌာနသို့ ဆက်သွယ်မေးမြန်း၍ ညွှန်ကြားချက်အတိုင်း မိခင်ဖြစ်သူအား သီးခြားထားရန် နှင့် မိခင်အသုံးပြုရန် လက်အိတ် လက်သန့်ဆေးများ သွားဝယ်ပြီး နေအိမ် ပြန်ရောက်၍ မိခင်နေအိမ်အတွင်း ဆေးဖြန်းရန် ပြုလုပ်နေစဉ် မိခင်နှင့်အတူနေသည့် ကိုရဲလင်းအောင်၏ အစ်မတော်စပ်သူ မအေးသန္တာကျော်မှ အဆိုပါအနံ့မရသည့်ကိစ္စအား “ထက” နေသဖြင့် ကိုရဲလင်းအောင်နှင့် မအေးသန္တာကျော် တို့ စကားများခဲ့ ‌ကြောင်း ဆိုသည်။

ထိုသို့ စကားများရာမှ ကိုရဲလင်းအောင်နဲ့ မအေးသန္တာကျော် ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ် မအေးသန္တာကျော်မှ စတီးဓါးအား ကိုင်ထားသည်ကို တွေရပြီး ခင်ပွန်းဖြစ်သူ ကိုရဲလင်းအောင်မှ “ငါ့ကို ထိုးလိုက်ပြီ” ဟု ပြောကာ လဲကျသွားသဖြင့် တရားလိုမှ ခင်ပွန်းဖြစ်သူအား ကြည်ရှုစဉ် ဝဲဘက်ဝမ်းဗိုက်တွင် ဒဏ်ရာ(၁)ချက် ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားသဖြင့် မအေးသန္တာကျော်အား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ၎င်းတိုင်ကြားချက်မှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မအေးသန္တာကျော်အား ထောက်ကြန့်နယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page